• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖားကန့်တွင် သတ္တုတွင်း ပြိုကျမှုကြောင့် လူ၁၅ဦးသေဆုံး

(GMT+08:00) 2018-07-16 09:45:58

        ယခုလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ အသုံးမပြုတော့သော သတ္တုတွင်းတစ်ခု၌ ကမ်းပါးပြိုကျမှု ကြောင့် လူ ၁၅ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ ပြန်ကြားရေးဝန်ကြီးဌာနက ယခုလ ၁၅ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        အဆိုပါနေရာတွင် အန္တရာယ် ဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရာရှိခြင်းကြောင့် ဇူလိုင်လ ၁၄ ရက်နေ့ ညပိုင်းတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ယာယီရပ်ဆိုင်းပြီး ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက် ရှာဖွေကယ်ဆယ်သော်လည်း မိုးရွာမည့် အခြေအနေနှင့် အန္တရာယ်ဖြစ်ပွားမည့် အခြေအနေများကို အခြေခံပြီး ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့သည် အနီးတဝိုက် ကျေးရွာများတွင် ပျောက်ဆုံးသူများကို ရှာဖွေစစ်ဆေးမည်ဖြစ်ကြောင်း မြန်မာ ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားသည်။

   Webradio