• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ ပင်လုံညီလာခံတွင် ပြည်ထောင်စု သဘောတူစာချုပ် အချက် ၁၄ ချက်နှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိ

(GMT+08:00) 2018-07-16 09:43:23

မြန်မာ ပြည်ထောင်စု ငြိမ်းချမ်ရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အတွင်ရေးမှူး အဖွဲ့သည် ယခုလ ၁၅ ရက်နေ့ညက ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံ တတိယ အကြိမ် အစည်းအဝေး သို့ တက်ရောက်သော ဘက်အသီးသီးတို့သည် ပြည်ထောင်စု သဘောတူစာချုပ်၏ အချက် ၁၄ ချက်နှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း၊ ၁၆ ရက်နေ့တွင် ကျင်းပမည့် ပိတ်ပွဲ အခမ်းအနားတွင် ယင်း အချက် ၁၄ ချက်နှင့် ပတ်သက်ပြီး သဘောတူစာချုပ်ကို ချုပ်ဆိုမည် ဖြစ်ပြီး ပြည်ထောင်စု သဘောတူစာချုပ်၏ ဒုတိယပိုင်း အဖြစ် ထားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

   Webradio