|
||||||||
|
|||||||||||||
ကုလသမဂ္ဂနှင့် WTO မှ ပူးတွဲ ထားရှိသော နိုင်ငံတကာ ကုန်သွယ်ရေးစင်တာ အမှုဆောင် ဥက္ကဋ္ဌ ကွန်စာလေဇ်က၊ မျက်မှောက်အချိန်တွင် ကမ္ဘာ့ နိုင်ငံ အသီးသီးတို့၏ စီးပွါးရေး ရောနှောပေါင်းစပ်မှုနှင့် အပြန်အလှန် မှီခို အားကိုးမှုမှာ အဆက်မပြတ် နက်ရှိုင်း လာနေသဖြင့် ကုန်သွယ်ရေး တစ်ဖက်သတ် ဝါဒ မှန်သမျှ အကျိုးသက်ရောက်နိုင်မည် မဟုတ်ကြောင်း မကြာမီက ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။
ကွန်စာလေဇ်သည် တရုတ်ပြည်၏ အခွန် လျှော့ချခြင်း၊ ဝန်ဆောင်မှု ဈေးကွက် တံခါးဖွင့်ခြင်း၊ ပညာ မူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ခြင်း စသည့် နယ်ပယ်များတွင် ရရှိသော တိုးတက်မှုများကိုလည်း အတည်ပြုပြီး ယင်းသည် ကမ္ဘာကြီးအတွက် အကျိုးရှိရုံသာမက၊ တရုတ်ပြည် အနာဂတ် စီးပွါးရေး ပုံမှန် တိုးတက်ရေး အတွက်လည်း အရေးကြီးသည်ဟုလည်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
|