• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ အာဖရိကခရီးစဉ်သည်၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးအတွက် တောင့်တင်းသော ပါဝါသစ် ထည့်သွင်းမည်

(GMT+08:00) 2018-07-14 16:45:54

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ အာရပ်စော်ဘွားများနိုင်ငံ၊ ဆီနီဂေါ၊ ရဝမ်ဒါနှင့် တောင်အာဖရိကနိုင်ငံများတွင် တရားဝင် ခရီးလှည့်လည်မည်ဖြစ်ပြီး၊ ဇူလိုင်လ ၂၅ ၇က်နေ့မှ ၂၇ ရက်နေ့အထိ တောင်အာဖရိကနိုင်ငံ Johannesburg ၌ ကျင်းပမည့် BRICS နိုင်ငံခေါင်းဆောင်များ ဆယ်ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်မည့်အပြင်၊ မော်ရီတေးနီးယားနိုင်ငံတွင် ချစ်ကြည်ရေးခရီး လှည့်လည်သွားမည်ဖြစ်ကြောင်းစီအာအိုင်သတင်းအရသိရသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ယခုအကြိမ်ခရီးစဉ်သည်၊  သမိုင်းကာလသစ်တွင် အရေးကြီး သော ခရီးစဉ်တစ်ကြိမ်ဖြစ်ပြီး၊ BRICSနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုနှင့် တောင်ဘက်ခြမ်းပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးအတွက် နက်ရှိုင်းသော အဓိပ္ပါယ်ပါရှိသည်ဟု သတင်းအရသိရသည်။

   Webradio