• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒီဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုအဆင့်မြင့်အဖွဲ့ကို ကုလသမဂ္ဂဖွဲ့စည်း

(GMT+08:00) 2018-07-13 12:01:07

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ကုလ သမဂ္ဂဒီဂျစ်တယ် ပူးပေါင်းဆောင်ရွက်မှုအဆင့်မြင့်အဖွဲ့ကို ဖွဲ့စည်းတည်ထောင် ကြောင်း၊ ဘီလ်ကက်ဆ်၊ မေလင်ဒါကက်ဆ်နှင့် Alibaba Groupဥက္ကဋ္ဌ မာယွင်တို့သည် အဖွဲ့ပူးတွဲဥက္ကဋ္ဌတို့အဖြစ် တာဝန်ထမ်းဆောင်ကြောင်း ဒေသစံတော်ချိန် ယခုလ၁၂ရက်နေ့က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌါနချုပ်ရုံး၌ ကြေညာခဲ့သည်ဟု တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

အဆိုပါဒီဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုအဆင့်မြင့်အဖွဲ့သည် ဒီဂျစ်တယ်နည်းပညာဖွံ့ဖြိုးရေး၏ ရှေ့အလားအလာကို လေ့လာပြုပြီး ဒီဂျစ်တယ်နည်းပညာကြောင့်ဆောင်ကြဉ်းလာသော အခွင့်အလမ်းနှင့်စိန်ခေါ်မှုများကို ဖေါ်ပြကာ ဒီဂျစ်တယ်နည်းပညာနယ်ပယ်တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများနှင့်ပတ်သက်၍ အကြံပေးမည်ဖြစ်ကြောင်း အတွင်းရေးမှူးချုပ် ဂူတာရက်စ်ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio