• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုထားရှိခဲ့သည့် ၁၅ နှစ်မြောက် အထိမ်း အမှတ် ဧည့်ခံပွဲ ဂျာကာတာ၌ ကျင်းပ

(GMT+08:00) 2018-07-13 11:08:07

     တရုတ်-အာဆီယံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုထားရှိခဲ့သည့် ၁၅ နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲ၊ "သင့်မြတ်ဖေါ်ရွေစွာ အတူယှဉ်တွဲနေထိုင်ရေး" ဓာတ်ပုံပြပွဲ ကို ယခုလ ၁၂ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်ရှိ အာဆီယံအတွင်းရေးမှူးရုံး၌ ကျင်းပခဲ့သည်။ အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွမ်ရှီးလျန်က ဖွင့်ပွဲအခမ်းအနား၌ "လက်တွဲပြီး ပြန်လည်ထွက်ခွါကြ၊ ပိုမိုရင်းနှီးသော ကံကြမ္မာအသိုက်အဝန်း တည်ဆောက် ကြ" ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

ထိုသို့မိန့်ခွန်းပြောကြားခဲ့ရာ၌ ဟွမ်ရှီးလျန်က အဆင့်အတန်းပိုမိုမြင့်မားသော တရုတ်- အာဆီယံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုတည်ဆောက်ပြီး၊  ပိုမိုရင်းနှီးသော တရုတ်- အာဆီယံ ကံကြမ္မာအသိုက်အဝန်းသို့ ရှေးရှုကြဟု ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အဆိုပြုချက်သည်၊ နှစ်ဖက်ဆက်ဆံမှု ရှေ့အလားအလာတိုးတက်ရန်အတွက် ဦးတည်ချက်ကို လမ်းညွှန်ပေးခဲ့ ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio