• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်၌ မိုးကြီးမှုကြောင့် လူ ၂၀၀ သေဆုံး

(GMT+08:00) 2018-07-13 11:07:27

        ဂျပန်ရဲဌာနချုပ်က ယခုလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သော နောက်ဆုံးသတင်းအရ ဂျပန်နိုင်ငံ အနောက်ပိုင်းဒေသ မိုးကြီးမှုကြောင့် လူ ၂၀၀ အထိ သေဆုံးခဲ့ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ယခုလ ၁၂ ရက်နေ့ နံနက်ပိုင်းအထိ မိုးကြီးမှုကြောင့် ဂျပန်နိုင်ငံမှ ဒေသ ၃၁ ခု၌ သဲမြေဆီလွှာ ဘေးအန္တရာယ် ၅၁၉ ခု ဖြစ်ပွားခဲ့ရာ ၄င်းအနက် နေရာ ၃၈၂ခုတွင် တောင်ပြိုကျမှုဖြစ်ပြီး နေရာ ၁၁၉ခုတွင် ရွှံ့များဆင်းမှု ဖြစ်ကာ နေရာ ၁၈ ခုတွင် ဆင်ခြေလျှောမြေပြိုမှု ဖြစ်ကြောင်း ဂျပန် နယ်မြေနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းအရ သိရပါသည်။

   Webradio