• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၊ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို မြန်မာနိုင်ငံ၌ ကျင်းပ

(GMT+08:00) 2018-07-13 10:49:13

      မြန်မာနိုင်ငံ ပြည်တွင်းတိုင်းရင်းသားပြန်လည်သင့်မြတ်ရေးကို ဆက်လက် တွန်းအားပေးပြီး ရေရှည်ငြိမ်းချမ်းရေးကို အကောင်အထည်ဖေါ်စေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၊ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို ယခုလ ၁၁ ရက်နေ့က မြန်မာနိုင်ငံနေပြည်တော်၌ ဖွင့်လှစ်ခဲ့သည်။ ယခုအကြိမ် ၆ ရက်ကြာအစည်းအဝေးတွင် ရေးဆွဲချမှတ်ရန် မပြီးသေးသော ပြည်ထောင်စုစနစ် အခြေခံမူကို ဆွေးနွေးပြီး နိုင်ငံတော်အဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြင့် ပြည်ထောင်စုကို တည်ထောင်သည့် မူအသစ်ကို ရေးဆွဲချမှတ်မည် ဖြစ်သည်။ အစည်းအဝေးသို့ တက်ရောက်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးသံတမန် စွန်ကိုရှန်က သက်ဆိုင်ရာဘက်အသီးသီးအား မြန်မာပြည်သူတစ်ရပ်လုံး၏ ချမ်းသာသုခကို မူတည်ပြီး လိုအပ်သော အလျှော့ကိုပေးကာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေ့သို့ တွန်းအားပေး နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio