• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်ရဲ့ တရုတ်ကုန်ပစ္စည်းအပေါ် အခွန် တိုးကောက်ခြင်းနဲ့ ပတ်သက်ပြီး တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ကြေညာချက် ထုတ်ပြန်

(GMT+08:00) 2018-07-13 09:46:31

အမေရိကန် ကုန်သွယ်မှု ကိုယ်စားလှယ်ရုံးက ဒီလ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ ၃၀၁ စုံစမ်းစစ်ဆေးမှု ကြေညာချက်ကို ရည်စူးပြီး တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်မှာ၊ တရုတ်ပြည်ဘက်ဟာ စီးပွါးကုန်သွယ်ရေးမှာ တရားမျှတမှု မရှိတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ပြီး အချောင်နှိုက်တယ်လို့ မဟုတ်မမှန် ပြောဆိုခြင်းဟာ အဖြစ်မှန် အတိုင်း ပြောဆိုတာ မဟုတ်ဘဲ အထောက်အထား ကင်းမဲ့တာ ဖြစ်ကြောင်း၊  အမေရိကန် တင်ပြတဲ့ "နှစ်ဖက် ကုန်သွယ်မှု ညီညီမျှမျှ မရှိခြင်း" ပြဿနာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းဟာ "အမေရိကန် ပြည်တွင်းဘဏ်များမှာ ငွေသွင်းမှုနှုန်း နိမ့်လွန်းအားကြီးခြင်း""အမေရိကန်ဒေါ်လာဟာ နိုင်ငံတကာမှာ အဓိက အရန် နိုင်ငံခြားငွေ အဖြစ် အသုံးပြုနေခြင်း" နဲ့ "အမေရိကန်က စစ်အေးကာလ အတွေးအခေါ် အရ၊ အားသာချက် ပိုင်ရှိတဲ့ အဆင့်မြင့် သိပံ္ပနည်းပညာ ကုန်ပစ္စည်း တင်သွင်းမှုအပေါ် ကန့်သတ်မှုများ ပြုလုပ်နေခြင်း" စတာတွေ ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါတယ်။

ကြေညာချက်မှာ၊ တရုတ်နိုင်ငံဟာ မလုပ်မဖြစ် ဆိုသလို တုံ့ပြန် ဆောင်ရွက်မှု ပြုလုပ်ခြင်းဟာ နိုင်ငံတော် အကျိုးစီးပွါးနှင့် နိုင်ငံတကာ အကျိုးစီးပွါးကို ထိန်းသိမ်းကာကွယ်ဖို့ မလွဲမသွေသော ရွေးချယ်ခြင်း ဖြစ်ပြီး တရားနည်းလမ်းကျ၍ တရားဝင် ဖြစ်ကြောင်း၊ အမေရိကန်က လှုံ့ဆော် ပြုလုပ်တဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ တရုတ်ပြည်သာ ရည်စူးတာ မကဘဲ တစ်ကမ္ဘာလုံးကို ရန်ငြိုးထားကာ ကမ္ဘာ့ စီးပွါးရေးကို အန္တရာယ် ရှိတဲ့ အခြေသို့ ရောက်စေလာကြောင်း၊ တရုတ်နိုင်ငံဟာ သတ်မှတ်ပြီးသား အစီအစဉ်အတိုင်း၊ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးကို ဦးလည်မသုန် တွန်းအားပေးမှာ ဖြစ်ပြီး နိုင်ငံတကာ မိသားစုကြီးနဲ့အတူ လွတ်လပ်စွာ ကုန်သွယ်ရေးမူနဲ့ နိုင်ငံစုံ ကုန်သွယ်ရေး စနစ်ကို ပြတ်ပြတ်သားသား ထိန်းသိမ်းသွားမှာ ဖြစ်ကြောင်း ရေးသား ထားပါတယ်။

   Webradio