|
||||||||
|
|||||||||||||
ပြီးခဲ့တဲ့လများအတွင်း အမေရိကန်ဟာ ၃၀၁ စုံစမ်းမှု အစီရင်ခံစာကို အကြိမ်အကြိမ် အဖန်ဖန် ထုတ်ပြန်ပြီး ဒါတွေကို တရုတ်ပြည်နဲ့ ကုန်သွယ်ရေး စစ်ပွဲ လှုံ့ဆော် ပြုလုပ်ဖို့ သက်သေ အထောက်အထားအဖြစ် ထားနေတယ်။ ဒါပေမဲ့ မုသားစကား ဆိုတာ အကြိမ်ကြိမ် အဖန်ဖန် ပြောရင်လဲ အဖြစ်မှန် ဖြစ်လာနိုင်မှာ မဟုတ်ဘူး။
ဒီလ ၁၂ ရက်နေ့က တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနဟာ ကြေညာချက် ထုတ်ပြန်ပြီး၊ အထောက်အထား ပြည့်ပြည့်စုံစုံ တင်ပြကာ၊ အမေရိကန် တင်ပြတဲ့ "နှစ်ဖက် ကုန်သွယ်မှု ညီညီမျှမျှ မရှိခြင်း"၊ "ပညာ မူပိုင်ခွင့် ခိုးသုံးခြင်း"၊ "နည်းပညာကို အတင်းအဓမ္မ လွှဲအပ်ခိုင်းခြင်း"၊ "တရုတ် ကုန်ထုတ်လုပ်မှု ၂၀၂၅" စတဲ့ အစီရင်ခံစာထဲမှာ စွပ်စွဲချက်များကို ချေပခဲ့ပါတယ်။
ကုန်သွယ်ရေး လိုငွေပြမှု ပြဿနာနဲ့ ပတ်သက်ပြီး တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနက၊ အဲဒီ ပြဿနာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းဟာ "အမေရိကန် ပြည်တွင်းဘဏ်များမှာ ငွေသွင်းမှုနှုန်း နိမ့်လွန်းအားကြီးခြင်း"၊ "အမေရိကန်ဒေါ်လာဟာ နိုင်ငံတကာမှာ အဓိက အရန် နိုင်ငံခြားငွေ အဖြစ် အသုံးပြုနေခြင်း" နဲ့ "အမေရိကန်က စစ်အေးကာလ အတွေးအခေါ် အရ၊ အားသာချက် ပိုင်ရှိတဲ့ အဆင့်မြင့် သိပံ္ပနည်းပညာ ကုန်ပစ္စည်း တင်သွင်းမှုအပေါ် ကန့်သတ်မှုများ ပြုလုပ်နေခြင်း" စတာတွေ ဖြစ်တယ်လို့ ပြောကြားပါတယ်။
"ပညာ မူပိုင်ခွင့် ခိုးသုံးခြင်း" ရယ်လို့နဲ့ ပတ်သက်ပြီး ပြောမယ် ဆိုရင်၊ တရုတ်ပြည်ရဲ့ ပညာမူပိုင်ခွင့် ထိန်းသိမ်းရေးဟာ စာပေ မူပိုင်ခွင့်၊ ကုန်တံဆိပ် မူပိုင်ခွင့်၊ တီထွင်ရေး မူပိုင်ခွင့်၊ ကုန်သွယ်မှု လျှို့ဝှက်ချက်၊ ပထဝိ အမှတ်အသား၊ ရုက္ခပင် အမျိုးအစားသစ် စတဲ့ နယ်ပယ်များကို ဖုံးလွှမ်းထားပြီ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ၂၀၀၁ ခုနှစ်က စပြီး တရုတ်ပြည်ရဲ့ ပြည်ပနိုင်ငံများကို ပေးဆောင်တဲ့ ပညာမူပိုင်ခွင့်ဆိုင်ရာ စရိတ်များ နှစ်စဉ် ပျမ်းမျှ တိုးတက်နှုန်းဟာ ၁၇ ရာခိုင်နှုန်း ရှိပြီး ၂၀၁၇ ခုနှစ်အတွင်း ဒေါ်လာ ၂၈့ ၆ ဘီလီယံ အထိတောင် တိုးလာပါတယ်။ ကမ္ဘာ့ ပညာ မူပိုင်ခွင့် ရေးရာ အဖွဲ့က၊ တရုတ်နိုင်ငံက မူပိုင်ခွင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ကတဆင့် တင်ပြတဲ့ မူပိုင်ခွင့် လျှောက်လွှာ ပမာဏဟာ ၅ သောင်း ၁ ထောင် ရှိပြီး အမေရိကန် ပြီးရင် ကမ္ဘာ့ ဒုတိယ အများဆုံး ဖြစ်လာပြီလို့ မကြာခင်က ကြေညာခဲ့ပါတယ်။
"နည်းပညာကို အတင်းအဓမ္မ လွှဲအပ်ခိုင်းခြင်း" ဆိုတာဟာ မဟုတ်မမှန် သတင်း အတု ဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်း တရုတ်နိုင်ငံဟာ နည်းပညာကို အတင်းအဓမ္မ လွှဲအပ်ခြင်းဆိုင်ရာ စာချုပ် တစ်စုံတစ်ခု ချုပ်ဆိုခြင်း မရှိဘူး၊ နည်းပညာကို အတင်းအဓမ္မ လွှဲအပ်ခြင်းဆိုင်ရာ နိုင်ငံခြား ကုန်သည်ရဲ့ စွဲချက်တင်မှု တစ်စုံတစ်ခု ရရှိခြင်းလဲ မရှိဘူး။ လုပ်ငန်းစဉ်များ စိစစ်ရာမှာလဲ နည်းပညာ လွှဲအပ်ခြင်းကို နိုင်ငံခြား ငွေရင်းများ တရုတ်ပြည် ဈေးကွက် ဝင်ရောက်ဖို့ ခြွင်းချက် အဖြစ် ထားခြင်း ဆိုတာလဲ မရှိဘူး။
"တရုတ် ကုန်ထုတ်လုပ်မှု ၂၀၂၅" အပေါ် အမေရိကန်ရဲ့ အကြောင်းမဲ့ ပြစ်တင်ခြင်းရဲ့ ရည်ရွယ်ချက်ဟာ တရုတ်ပြည်ရဲ့ အဆင့်မြင့်နည်းပညာ ကုန်ထုတ်လုပ်မှုကို ဟန့်တားဖို့နဲ့ တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားဖို့ပဲ ဖြစ်တယ် ဆိုတာ ထင်ရှားသိသာပါတယ်။
|