• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိမ်ဖြူတော်ရဲ့"ကုန်သွယ်ရေ တုတ်ကြီး" အသုံးပြုလေလေ၊ တရုတ်ပြည်ကို လာရောက် ပူးပေါင်းဆောင်ရွက်မှု စေ့စပ်တဲ့ အမေရိကန် ကုမ္ပဏီ များလေလေ

(GMT+08:00) 2018-07-12 09:45:10

ဒေသစံတော်ချိန် ဒီလ ၁၀ ရက်နေ့က အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်းအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကို ထပ်တိုး ကောက်ယူဖို့ စာရင်းဇယားကို ထုတ်ပြန်ခဲ့တယ်။ အကြောင်းပြချက် ကတော့၊ တရုတ်နိုင်ငံဟာ တုံ့ပြန်ဆောင်ရွက်မှု ပြုလုပ်ခြင်းနဲ့ ကုန်သွယ်မှုဆိုင်ရာ တစ်ချို့ လုပ်ဆောင်မှု ပြုပြင်တာ မရှိခြင်းတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကို ရည်စူးပြီး တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနက၊ နိုင်ငံတော်ရဲ့ အမြုတေကျ အကျိုးစီးပွါးနဲ့ ပြည်သူများရဲ့ အရင်းခံ အကျိုးစီးပွါးကို ထိန်းသိမ်းကာကွယ်ဖို့ အတွက် တရုတ်အစိုးရဟာ အရင်ကလိုပဲ၊ မလုပ်မဖြစ် ဆိုသလို လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်မယ်လို့ ပြောကြားပါတယ်။

ဒီလ ၁၀ ရက်နေ့က အမေရိကန် နာမည်ကြီး ဓါတ်အားသုံး မော်တော်ကားနဲ့ စွမ်းအင် ကုမ္ပဏီ Tesla ဟာ ရှန်ဟိုင်းနဲ့ ဓါတ်အားသုံး မော်တော်ကား ရင်းနှီးမြှုပ်နှံရေး စာချုပ်ကို ချုပ်ဆိုခဲ့ပြီး နှစ်စဉ် မော်တော်ကား ၅ သိန်း ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ၁၁ ရက်နေ့မှာ အမေရိကန် ချီကာကိုမြို့ မြို့တော်ဝန်က အကြီးစား စီးပွါးကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး ပီကင်းမြို့မှာ တရုတ်ပြည်ဘက်နဲ့ ၂၀၁၈-၂၀၂၃ ငါးနှစ်တာ အဓိက ကုန်ထုတ်လုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ချုပ်ဆိုပြီး၊ ဆေးဝါး ကုသရေး၊ ခေတ်မီ ကုန်ထုတ်လုပ်မှု၊ ဆန်းသစ်နည်းပညာ၊ ငွေကြေး ဝန်ဆောင်မှု၊ လယ်ယာ စိုက်ပျိုးရေးနဲ့ အစားအစာ၊ အခြေခံ အဆောက်အအုံ စတဲ့ နယ်ပယ်များမှာ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ဖို့ ဆုံးဖြတ်ပါတယ်။

အိမ်ဖြူတော်ဟာ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးကို အားဖြည့် လုပ်ဆောင် နေပေမယ့် အမေရိကန် ဒေသခံ အစိုးရနဲ့ လုပ်ငန်းကုမ္ပဏီများဟာ လက်တွေ့ကျကျ ဆောင်ရွက်ခြင်းနဲ့ ကုန်သွယ်ရေးစစ်ပွဲကို ကန့်ကွက်ပြီး တရုတ်ပြည် ဈေးကွက်အပေါ် ယုံကြည်စိတ် ရှိခြင်းကို ဖေါ်ပြနေပါတယ်။

   Webradio