• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် လှုံ့ဆော် ပြုလုပ်သော ကုန်သွယ်ရေးစစ်ပွဲသည် အာဏာရှင်ဝါဒနှင့် စည်းမျဉ်းစည်းကမ်း အကြား စစ်ပွဲပင် ဖြစ်သည်ဟု ဟွာချွင်ယဉ် ဆို

(GMT+08:00) 2018-07-12 09:41:16

ယခုလ ၁၀ ရက်နေ့က အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်းအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကို ထပ်တိုး ကောက်ယူရန် စာရင်းဇယားကို ထုတ်ပြန်ခဲ့ပါသည်။ ၁၁ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ အမေရိကန်၏ လုပ်ရပ်သည် စံတင်လောက်သော ကုန်သွယ်မှု ဗိုလ်ကျစိုးမိုးရေး ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် လိုအပ်သော တုံ့ပြန် ဆောင်ရွက်မှုများကို ပြုလုပ်မည် ဖြစ်ပြီး ကိုယ့်နိုင်ငံ၏ တရားမျှတသော တရားဝင် အကျိုးစီးပွါးနှင့် အခွင့်အရေးကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း၊ ယင်းသည် တစ်ဖက်သတ်ဝါဒနှင့် နိုင်ငံစုံဝါဒ အကြား၊ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး အကြား၊ အာဏာရှင်ဝါဒနှင့် စည်းမျဉ်းစည်းကမ်း အကြား စစ်ပွဲပင် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio