• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာရပ်ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ၈ ကြိမ်မြောက်ဝန်ကြီးအဆင့်အစည်းအဝေးမှ အောင်ကျိုးရလဒ်များကို ဝမ်ယိပြောကြား

(GMT+08:00) 2018-07-11 15:07:36

တရုတ်နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယမန်နေ့ ၁၀ ရက်နေ့က ဆော်ဒီအာရေးဗျနိုင်ငံခြားရေးဝန်ကြီး အယ်လ် ဂျူဘယ်ရ်၊ အာရပ်နိုင်ငံများအဖွဲ့ အတွင်းရေးမှူးချုပ် ဂိတ်ထ်တို့နှင့်အတူ တရုတ်-အာရပ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ၈ ကြိမ်မြောက်ဝန်ကြီးအဆင့်အစည်းအဝေးအပြီး သတင်းထောက်နှင့် တွေ့ဆုံရာတွင် ယခုအကြိမ်အစည်းအဝေးမှ အောင်ကျိုးရလဒ်ကို မိတ်ဆက်ခဲ့သည်ဟု ဆင်ဟွာသတင်း အရသိရသည်။

ဝမ်ယိက ယင်းသည် သမိုင်းဝင်အစည်းအဝေးဖြစ်ကြောင်း၊ တရုတ်-အာရပ်နှစ်ဖက်တို့သည် ဘက်စုံပူးပေါင်းဆောင်ရွက်ပြီး အတူဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုသော တရုတ်-အာရပ်မဟာဗျူ ဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တည်ထောင်ထားသည်ဟု ဖွင့်ပွဲအခမ်းအနားတွင် ဥက္ကဋ္ဌရှီကျင့်ဖိန်က တင်ကြည်လေးနက်စွာ ကြေညာကြောင်း ပြောကြားသည်။

   Webradio