• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည် အယ်လ်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ

(GMT+08:00) 2018-07-11 14:45:49

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ဗဟိုနိုင်ငံ ခြားရေးရာလုပ်ငန်းကော်မတီရုံးဥက္ကဋ္ဌယန်ကျယ်ချီသည် ယခုလ ၁၀ ရက်နေ့က ပီကင်းတွင် အယ်လ်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးမေစ်ဟာလ်နှင့်တွေ့ဆုံခဲ့ကြောင်းဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ယန်ကျယ်ချီက ယခုနှစ်သည် တရုတ်-အယ်လ်ဂျီးရီးယား သံတမန် ဆက်ဆံရေးထားရှိခဲ့သော နှစ် ၆၀ ပြည့်ဖြစ်ကြောင်း၊ နှစ်ဘက်တို့သည် တရုတ်-အယ်လ် ဂျီးရီးယားချစ်ကြည်ရေးအစဉ်အလာကို ဆက်ခံထွန်းကားလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မေစ်ဟာလ်က တရုတ်နိုင်ငံသည် အာရပ်နှင့်အာဖရိက လုပ်ငန်းအတွက် ထောက်ခံမှုကို အယ်လ်ဂျီးရီးယားနိုင်ငံက လွန်စွာချီးကျူးကြောင်းပြောကြားခဲ့သည်။

   Webradio