• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် အရာရှိ စေလွှတ်ပြီး ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်မည်

(GMT+08:00) 2018-07-11 10:02:27

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ တရုတ်နိုင်ငံသည် အရာရှိကို စေလွှတ်ပြီး ယခုလ ၁၁ ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံ တတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံသို့ တက်ရောက်မည် ဖြစ်ကြောင်း ယခုလ ၁၀ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် အတည်ပြု ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ဟွာချွင်ယဉ်က၊ မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး သံတမန်အရာရှိ စွင်ကိုရှန်သည် တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တွန်းအားပေး ဆောင်ရွက်မှုနှင့် မြန်မာ နိုင်ငံ ဘက်အသီးသီးတို့၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား ကျေအေးရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို တရုတ်နိုင်ငံက ထောက်ခံပါကြောင်း ပြောကြားပါသည်။

   Webradio