• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးကျိုဘေလ်နှင့်တွေ့ဆုံ

(GMT+08:00) 2018-07-10 15:52:47

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ဗဟိုနိုင်ငံ ခြားရေးရာလုပ်ငန်းကော်မတီရုံးဥက္ကဋ္ဌ ယန်ကျယ်ချီသည် ယခုလ ၉ ရက်နေ့က ပီကင်းတွင် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးကျိုဘေလ်နှင့်တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ယန်ကျယ်ချီက ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့်ဘုရင်ဆာလ်မန်တို့၏ ဦးဆောင်မှုအောက်တွင် တရုတ်- ဆော်ဒီအာရေဗျဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံမှု သည် အကောင်းဆုံးသော အချိန်ကာလတွင် ရပ်တည်နေကြောင်းပြောကြားခဲ့သည်။

ကျိုဘေလ်က ဆော်ဒီအာရေဗျသည် "၂၀၃၀ စီမံကိန်းမျှော်မှန်းချက်"နှင့်Belt and Road အဆိုပြုချက်ချိတ်ဆက်ရန်နှင့်ဆော်ဒီအာရေဗျ-တရုတ်နယ်ပယ်အသီးသီး၌ ကူးလူး ဖလှယ်မှု နှင့်ပူးပေါင်းဆောင်ရွက်မှုများကိုတွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။

   Webradio