• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို ဖိလစ်ပိုင်သမ္မတဒူတာတေလက်ခံ

(GMT+08:00) 2018-07-10 14:11:04

ဖိလစ်ပိုင်သမ္မတဒူတာတေသည် ယမန်နေ့ ၉ ရက်နေ့က သမ္မတရုံး မာလာကန်နောင် နန်းတော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အတိုင်ပင်ခံကော်မတီဥက္ကဋ္ဌ၊ တရားသူကြီးချုပ်ဟောင်း ရီနာတို ပူနိုတင်သွင်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းကို လက်ခံပြီဖြစ်ကြောင်း၊ ယင်းမူကြမ်းကို လွှတ်တော်ထံ ဆွေးနွေးရန် အမြန်ဆုံး တင်သွင်းမည်ဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြပါသည်။

ပူနိုက ပြင်ဆင်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကြီးမားတောင့်တင်းသော ပြည်ထောင်စုအစိုးရကို တည်ထောင်ပြီး ဖိလစ်ပိုင်နိုင်ငံ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် ဆက်တိုက် ဖွံ့ဖြိုးရေးအကောင်အထည်ဖော်ရန်အတွက် ရည်ရွယ်ထားကြောင်း ဖော်ပြပါသည်။

   Webradio