• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် စာဘာဟ်နှင့် တွေ့ဆုံ

(GMT+08:00) 2018-07-10 09:39:02

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၉ ရက်နေ့က ပီကင်း၌ အလည်အပတ် ရောက်ရှိနေသော ကူဝိတ် အယ်မီရ် စာဘာဟ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ခေါင်းဆောင်နှစ်ဦးတို့သည် တရုတ်-ကူဝိတ် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိရန်၊ ခေတ်သစ်တွင် နှစ်နိုင်ငံ ဆက်ဆံမှုကို အားသစ်လောင်းပေးရန် တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က၊ တရုတ်နှင့် ကူဝိတ် နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခဲ့သည့် ၄၇ နှစ်အတွင်း နှစ်နိုင်ငံတို့သည် တလျှောက်လုံး ချစ်ခင်ရင်းနှီးပြီး တန်းတူရည်တူ အပြန်အလှန် သဘောထားကြကြောင်း၊ နှစ်ဖက်အကြား လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုမှာ အဆက်မပြတ် နက်ရှိုင်းလာနေကြောင်း ပြောကြားပါသည်။

စာဘာဟ်ကလည်း၊ ကူဝိတ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေး အစဉ်အလာနှင့် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို တန်ဖိုးထားပါကြောင်း၊ တရုတ်နိုင်ငံကို ယုံကြည်အားထားရသော မိတ်ဆွေနှင့် မိတ်ဖက် အဖြစ် သဘောထားပါကြောင်း ပြောကြားပါသည်။

တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် အဌမ အကြိမ် ဝန်ကြီးများ အစည်းအဝေးနှင့် ပတ်သက်ပြီး ရှီကျင့်ဖိန်က၊ တရုတ်-အာရပ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သည် တရုတ်နှင့် အာရပ်နိုင်ငံများ စုပေါင်း ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် အရေးကြီး ပလက်ဖေါင်း တစ်ရပ်ပင် ဖြစ်ကြောင်း ပြောကြားပါသည်။

တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နှစ်ဖက်တို့သည် တရုတ်နှင့် ကူဝိတ် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိရေး ပူးတွဲ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။

   Webradio