• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းခရီးသည်တင်သင်္ဘောတိမ်းမှောက်မှုဆိုင်ရာအိမ်သူအိမ်သားများဆက်သွယ်ရေး စင်တာနှင့် လက်ခံ တွေ့ဆုံရေးစင်တာကို ဖူကျီ၌ တည်ထောင်

(GMT+08:00) 2018-07-09 14:58:15

ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ၈ ရက်နေ့ကရှင်းလင်းပြောကြားချက်အရ ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ ကောင်စစ်ဝန်ရုံးနှင့် တရုတ်အစိုးရပူးတွဲလုပ်ငန်းအဖွဲ့တို့သည် ထိုင်းနိုင်ငံနှင့် ညှိနှိုင်းမှုဖြင့် ဖူခတ်ခရီးသည်တင်သင်္ဘောတိမ်းမှောက်မှုတွင် တရုတ်ခရီးသည်၏ အိမ်သူအိမ်သားများ ထိုင်းနိုင်ငံသို့ သွားရောက်ပြီး လက်ခံတွေ့ဆုံရေးလုပ်ငန်းနှင့် အိမ်သူအိမ်သားများအတွက် နောက်ဆက်တွဲကိစ္စရပ်များကို ကူညီဖြေရှင်းရန် ဖူခတ်၌ အိမ်သူအိမ်သားများ ဆက်သွယ်ရေးစင်တာနှင့် လက်ခံတွေ့ဆုံရေးစင်တာ ၃ ခု တည်ထောင်ပြီးဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ၈ ရက်နေ့ညနေအထိ တိမ်းမှောက်မှုတွင် သေဆုံးသူဦးရေမှာ ၄၂ ဦးရှိပြီး ၄င်းတို့တွင် တရုတ်နိုင်ငံသား ၄၁ ဦးရှိကာ လူ ၁၄ ဦးပျောက်ဆုံးနေသေးကြောင်း သိရသည်။

   Webradio