ဗြိတိန်နိုင်ငံ၏ ဥရောပသမဂ္ဂမှ ထွက်ခွာရေးရာဝန်ကြီး David Davies က ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ထံသို့ ရာထူးနုတ်ထွက်လွှာကို တင်လိုက်ပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဒေသစံတော်ချိန် ယမန်နေ့ ၈ရက်နေ့ည ညဉ့်နက်အချိန်တွင် အသီးသီးဖော်ပြခဲ့ကြသည်ဟု ဆင်ဟွာသတင်း အရ သိရပါသည်။ လက်ရှိအချိန်တွင် ဗြိတိန်ဝန်ကြီးချုပ်ရုံးမှ အတည်ပြုခြင်း မရှိသေးကြောင်း သတင်းရရှိပါသည်။
မကြာခင်ရက်များက ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက မီဒီယာများနှင့် တွေဆုံခဲ့ရာ တွင် ကက်ဘိနက်အဖွဲ့ဝင်များသည် ဥရောပသမဂ္ဂမှ ထွက်ခွာရေးကိစ္စနှင့်ပတ်သက်၍ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း၊ ဥရောပသမဂ္ဂမှ ထွက်ခွာသွားပြီးနောက် ဗြိတိန်- ဥရောပသမဂ္ဂ ကုန်ပစ္စည်းဆိုင်ရာ လွတ်လပ်သော ကုန်သွယ်ရေးဇုန်ထားရှိရန် ဥရောပသမဂ္ဂထံ အဆိုပြုမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။