• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

(မြင်ကွင်းကျယ်)အမည်ခေါ် တရုတ်၊ လာအိုပူးတွဲထုတ်လုပ်သည့် ပထမဆုံးအကြိမ် ကဏ္ဍစုံ ရုပ်မြင်သံကြားအစီအစဉ် တရားဝင် ထုတ်လွှင့်

(GMT+08:00) 2018-07-09 11:52:53

      ယခုလ ၂ ရက်နေ့က တရုတ်၊ လာအိုပူးတွဲထုတ်လုပ်သည့် ပထမဆုံးအကြိမ် ကဏ္ဍစုံ ရုပ်မြင်သံကြားအစီအစဉ် (မြင်ကွင်းကျယ်)ကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်၌ ကျင်းပသည့် ၂၀၁၈ လန်ဆန်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု မီဒီယာထိပ်သီးများ အစည်းအဝေး၌ စတင်ထုတ်လွှင့်မှုအခမ်းအနားကျင်းပခဲ့ပြီး၊ လန်ဆန်-မဲခေါင်မြစ် တလျှောက်ရှိ ၆ နိုင်ငံများမှ မီဒီယာကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင်က ဖော်ပြသည်။

(မြင်ကွင်းကျယ်)အစီအစဉ်သည်၊ တရုတ်မီဒီယာအုပ်စုနှင့် လာအိုနိုင်ငံတော် ရုပ်မြင် သံကြားဌာနတို့မှ ပူးတွဲထုတ်လုပ်ခြင်းဖြစ်ပြီး၊ နိုင်ငံရေး၊ လူမှုရိုးရာလေ့ထုံးစံနှင့် ရေပန်းစားဖက်ရှင်များပါဝင်သည်။

လန်ဆန်-မဲခေါင်မြစ် ၆ နိုင်ငံတွင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်ပြီး၊ တရုတ်နှင့် လာအိုတို့သည်၊ လန်ဆန်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက် မှု၏ ပူးတွဲသဘာပတိနိုင်ငံတို့ဖြစ်ကြသည်ဟု သိရသည်။

   Webradio