• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာအို ပါတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ဘွန်ယန်းသည် ဟွမ်ခွင်မင်နှင့် တွေ့ဆုံ

(GMT+08:00) 2018-07-09 11:49:17

လာအို ပြည်သူ့ တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ဘွန်ယန်းသည် ယခုလ ၂ ရက်နေ့က ဗီယင်ကျန်းမြို့၌ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပြန်ကြားရေး ဝန်ကြီး ဟွမ်ခွင်မင်နှင့် တွေ့ဆုံခဲ့ကြောင်း၊ ဟွမ်ခွင်မင်သည် တရုတ် ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး လာအိုနိုင်ငံ၌ ခရီးလှည့်လည်ရန်နှင့် သတ္တမ အကြိမ် တရုတ်-လာအို နှစ်နိုင်ငံ ပါတီ၏ သဘောတရားဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် လာအို နိုင်ငံသို့ ရောက်ရှိခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဟွမ်ခွင်မင်က၊ လာအိုနှင့် တရုတ်နိုင်ငံတို့သည် ဖွံ့ဖြိုးရေး လမ်းကြောင်းနီးစပ်ပြီး မဟာဗျူဟာမြောက် ကံကြမ္မာ အသိုက်အဝန်း ဖြစ်ကြောင်း ပြောကြားပါသည်။

ဘွန်ယန်းကလည်း၊ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေး အစဉ်အလာ နက်ရှိုင်းလာအောင် ဆောင်ရွက်ပြီး နိုင်ငံရေးဆိုင်ရာ ကူးလူးဆက်ဆံမှုနှင့် နယ်ပယ်အသီးသီးမှ ပူးပေါင်း ဆောင်ရွက်မှုကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

   Webradio