• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘောဒီးယားသည် ဝင်ငွေအခြေခံအဆင့်နှင့် ဝင်ငွေအလတ်စားအဆင့်နိုင်ငံဖြစ်လာပြီ ဟု ကမ္ဘောဒီးယားဗဟိုဘဏ်ဆို

(GMT+08:00) 2018-07-09 11:43:43

ကမ္ဘောဒီးယားဗဟိုဘဏ်မှ ယခုလ၈ရက်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ လက်ရှိအချိန်တွင် ပြည်တွင်းဘဏ်များ၏လှည့်လည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၃၁ဘီလီယံရှိပြီး ဘဏ်ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇ဘီလီယံဖြစ်ကာ သွင်းငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉ဘီလီယံရှိကြောင်း တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

ကမ္ဘောဒီးယားဗဟိုဘဏ်ဥက္ကဋ္ဌက ကမ္ဘောဒီးယားဘဏ်လုပ်ငန်း၏ လှည့်လည် ငွေရင်းပမာဏမှာ ၁၉၉၈ခုနှစ်ကထက် ၇၃ဆတိုးများလာပြီး ၂၀၁၅ခုနှစ်မှစ၍ ဝင်ငွေအခြေခံအဆင့်နှင့် ဝင်ငွေအလတ်စားအဆင့်နိုင်ငံဖြစ် လာပြီဟု ပြောကြားခဲ့ကြောင်း ကမ္ဘောဒီးယားဗဟိုဘဏ် ပြောရေးဆိုခွင့်ရှိသူက ထိုနေ့က မီဒီယာများအား ထုတ်ဖော် ပြောကြားခဲ့သည်။

   Webradio