• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ယဉ်ကျေးမှုစင်တာဖွင့်ပွဲ မြန်မာရန်ကုန်မြို့၌ ကျင်းပ

(GMT+08:00) 2018-07-09 11:15:19

ယခုလ ၇ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ တရုတ်ယဉ်ကျေးမှုစင်တာ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ ရာနှင့်ချီသော တရုတ်-မြန်မာနှစ်ဘက် ကိုယ်စားလှယ်များသည် ၎င်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လီကျင်းဇော်က ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်မြို့ရှိတရုတ်ယဉ်ကျေးမှုစင်တာတည်ဆောက်ခြင်းသည် တရုတ်-မြန်မာချစ်ကြည်ရေးအတွက် အရေးပါသည့်သက်သေဖြစ်ကြောင်း၊ စင်တာသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ အနုပညာနှင့် ခရီးသွားစသောလုပ်ငန်းဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာပြည်သူနှင့်ခရီးသွားများအား တရုတ်နှင့် တရုတ်ယဉ်ကျေးမှုကို မိတ်ဆက်ပေးသလို တရုတ်ပြည်သူနှင့်ခရီးသွားများအားမြန်မာနှင့် မြန်မာ့ယဉ်ကျေးမှုကို မိတ်ဆက်ပေးမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်သူလူထုများအကြား ပိုမိုသိရှိနားလည်စေရန်နှင့် ချစ်ကြည်ရေးတိုးမြှင့်စေရန် ကောင်းမွန်သည့်အခန်းကမှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

   Webradio