• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

16+1 ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ဥရောပ ဆက်ဆံမှု ဘက်စုံ ညီမျှစွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားသစ်လောင်းပေးမည်ဟု ပညာရှင်ဆို

(GMT+08:00) 2018-07-08 17:11:56

        ယခုလ ၇ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ဆိုဖီယာယဉ်ကျေးမှုနန်းတော်၌ သတ္တမအကြိမ်မြောက် တရုတ်-အရှေ့အလယ်ဥရောပနိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ တရုတ်-ဥရောပဆက်ဆံမှုနှင့် တရုတ်-အရှေ့အလယ်ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို မီဒီယာများက အာရုံစိုက်ကြပါသည်။ ယခုအကြိမ် တွေ့ဆုံပွဲသည် တရုတ်-အရှေ့အလယ်ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏ ရှေ့အလားအလာအတွက် စီမံကိန်းကြီး ချမှတ်ပြီး တရုတ်-အရှေ့အလယ်ဥရောပနိုင်ငံများ ဆက်ဆံမှုနှင့် တရုတ်-ဥရောပဆက်ဆံမှု ဘက်စုံ ညီမျှစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လားသစ်လောင်းပေးမည်ဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

 

   Webradio