• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရှေ့အလယ်ဥရောပနိုင်ငံများသည် 16+1 ပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ချီးကျူးကြ

(GMT+08:00) 2018-07-08 17:11:36

        ဒေသစံတော်ချိန် ယခုလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ၈ ကြိမ်မြောက် တရုတ်-အရှေ့အလယ်ဥရောပနိုင်ငံများ စီးပွားကုန်သွယ်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ဆိုဖီယာယဉ်ကျေးမှုနန်းတော်၌ ကျင်းပခဲ့ရာ တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။ အရှေ့အလယ်ဥရောပနိုင်ငံများမှ ခေါင်းဆောင်များနှင့် ကျွမ်းကျင်သူ ပညာရှင်များသည် ဝန်ကြီးချုပ် လီခေ့ချန်၏ မိန့်ခွန်းပြောကြားခြင်းကို ချီးကျူးကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ယင်းဖိုရမ်ကို ဦးစီးကျင်းပသည့် ဘူလ်ဂေးရီးယားနိုင်ငံ ဝန်ကြီးချုပ် ဘိုရီဆို့ဗ်က ဘာလ်ကန်ကျွန်းဆွယ်ဖွံ့ဖြိုးမှုအပေါ် တရုတ်ပြည်ဘက်က အပြုသဘောဖြင့် ထောက်ခံပြီး နှစ်ဖက်တို့သည် ကုန်သွယ်မှုဖြင့် နှစ်ဖက်ဆက်ဆံမှုကို တိုးမြှင့်ကြောင်း၊ မိမိတို့သည် ပိုမိုများပြားသော ရင်းနှီးမြှုပ်နှံမှုကို လိုအပ်ကြောင်း ပြောကြားသည်။

        ကရိုအေးရှားဝန်ကြီးချုပ် ပလန်ကိုဗစ်က်က ယခုအကြိမ် တွေ့ဆုံပွဲသည် 16+1 ပူးပေါင်းဆောင်ရွက်စနစ်၏ သမိုင်းမှတ်တိုင်ဖြစ်ပြီး တရုတ်-အရှေ့အလယ်ဥရောပနိုင်ငံများ အကြား နှစ်ဖက်ဆက်ဆံမှုကိုလည်း တိုးမြှင့်ကြောင်း ပြောကြားသည်။

   Webradio