• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီမီးဖိုင်နယ်တွင် အင်္ဂလန်အသင်းနဲ့ ခရိုအေးရှအသင်းတို့ တွေ့ဆုံနေ

(GMT+08:00) 2018-07-08 12:07:05

               ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို မနေ့ညက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပထမဖြစ်စဉ်ဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့ ဆွီဒင်အသင်းတို့ပွဲစဉ်မှာ အင်္ဂလန်အသင်းက ဆွီဒင်အသင်းကို (၂)ဂိုးဂိုးမရှိနဲ့နိုင်ပြီး တတိယအကြိမ်မြောက်အဖြစ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ် ။ အင်္ဂလန်အသင်းအတွက် ဂိုးတွေကိုတော့ ပွဲကစားချိန် မိနစ် (၃၀)မှာ ဟာရီ မာကွဲယားနဲ့ (၅၉)မိနစ် မှာ ဒယ်လီအလီတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ ဒီနိုင်ပွဲကြောင့် ၁၉၆၆ခုနှစ်က ချန်ပီယံနဲ့ ၁၉၉၀က စတုတ္တတစ်ကြိမ်ဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ် ကို ပြန်လည်တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

             ဒုတိယပွဲစဉ်ဖြစ်တဲ့ အိမ်ရှင်ရုရှားနဲ့ ခရိုအေရှတို့ပွဲစဉ်မှာတော့ ခရိုအေရှအသင်းက အိမ်ရှင် ရုရှားအသင်းကို ပင်နယ်တီအဆုံးအဖြတ် (၄)ဂိုး(၃)ဂိုးဖြင့် နိုင်ပြီး ဒုတိယအကြိမ်မြောက်အဖြစ် ဆီမီးဖိုင် နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်တွင် သာမာန်ပွဲကစားချိန်မိနစ်(၉၀)တွင် တစ်ဖက်တစ်ဂိုးစီ သရေဖြစ်နေသဖြင့် အချိန်ပိုမိနစ်(၃၀)ဆက်ကစားစေခဲ့ပါတယ်။ အချိန်ပို(၃၀)မှာ တစ်ဘက်တစ်ဂိုးစီထပ်မံသွင်းခဲ့တာကြောင့် (၂)ဂိုးစီဖြင့် ထပ်ပြီးသရေကျနေခဲ့ပြန်ပါတယ်။ ဒီအတွက် ကြောင့် ပင်နယ်တီအဆုံးအဖြတ်ရယူခဲ့ရာ ခရိုအေးရှက(၄)သွင်းယူနိုင်ခဲ့ပြီး အိမ်ရှင်ရုရှားအသင်းက (၃)ဂိုးသာဝင်ခဲ့တာကြောင့် ခရိုအေးရှအသင်းက(၄)ဂိုးသုံးဂိုးနဲ့အနိုင်ခဲ့တာဖြစ်ပါတယ်။ ခရိုအေးရှ အသင်းအနေနဲ့ နောက်တစ်ဆင့်ဆီမီးဖိုင်နယ်မှာ အင်္ဂလန်အသင်းနဲ့ရင်ဆိုင်ကစားသွားရမှာဖြစ်ပါတယ်။

           ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဇူလိုင်လ (၁၀)ရက်နေ့နဲ့ (၁၁)နေ့တွေမှာ ကစားကြမှာဖြစ်ပြီး  ပထမပွဲအဖြစ် ဇူလိုင်လ (၁၀)ရက်နေ့မှာ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံ၊ (၁၁)ရက်နေ့မှာ အင်္ဂလန်အသင်းနဲ့ ခရိုအေးရှအသင်းတို့ ကစားသွားကြမှာဖြစ်ပါတယ်။

   Webradio