• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံရန်ကုန်မြို့တရုတ်ယဉ်ကျေးမှုစင်တာ တရားဝင်ဖွင့်လှစ်

(GMT+08:00) 2018-07-08 11:18:06

       မြန်မာနိုင်ငံရန်ကုန်မြို့တရုတ်ယဉ်ကျေးမှုစင်တာကို ယမန်နေ့ ၇ ရက်နေ့က တရားဝင် ဖွင့်လှစ်ခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

ထိုနေ့ကျင်းပသော ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာန ဒုဝန်ကြီး လီကျင်ကျောင်က ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတည်ထောင်ခြင်းသည် တရုတ်-မြန်မာချစ်ကြည်ရေးဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်သော အရေးကြီးအောင်ကျိုးရလဒ်ဖြစ် သကဲ့သို့ တရုတ်မြန်မာချစ်ကြည်ရေး၏ အရေးကြီးသက်သေလည်း ဖြစ်ကြောင်း ပြောကြား သည်။

မြန်မာနိုင်ငံ သာသနာရေးရာနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးအောင်ကိုသည် တရုတ်ယဉ်ကျေးမှုစင်တာ တရားဝင်ဖွင့်လှစ်ခြင်းအပေါ် ထောမနာပြုပြီး ယင်းသည် တရုတ်မြန်မာနှစ်နိုင်ငံ ရှိရင်းစွဲချစ်ကြည်ရေးကို တဆင့်တိုးနက်ရှိုင်းစေမည်ဟု ယူဆကြောင်း သိရသည်။

   Webradio