• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် ဖူကျီခရီးသည်တင်သင်္ဘောတိမ်းမှောက်မှုကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်

(GMT+08:00) 2018-07-08 10:52:12

ထိုင်းနိုင်ငံဖူကျီပြည်နယ် ပြည်နယ်မှူးနိုရာပတ်က တရုတ်ကယ်ဆယ်ရေးအဖွဲ့ နှစ်ဖွဲ့ ပါဝင်လာသည်နှင့်အမျှ ကယ်ဆယ်ရေးအရှိန်လျင်မြန်လာပြီး ယမန်နေ့ ၇ ရက်နေ့က Phoenix နစ်မြှုပ်သင်္ဘောထဲမှ ရုပ်အလောင်း ၈ ခု ကို ဆယ်ယူရသောကြောင့် ယခုအကြိမ် ခရီးသည်တင်သင်္ဘောတိမ်းမှောက်မှုတွင် သေဆုံးသူဦးရေမှာ ၄၂ ဦးသို့ တိုးလာစေပြီး ခုချိန်အထိ လူ ၁၄ ဦးပျောက်ဆုံးနေသေးကြောင်း ယမန်နေ့ ညက ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟုဆင်ဟွာသတင်းအရသိရသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်သည် ထိုနေ့က သက်ဆိုင်ရာဌာနအသီးသီးအား ပျောက်ဆုံးသူများကို အားဖြည့်ကယ်ဆယ်ရန် တိုက်တွန်းသည့်အပြင် ဖူကျီ၌ ကယ်ဆယ်မှု ကွပ်ကဲရေးစင်တာကို ထားရှိရန်လည်း အမိန့်ချခဲ့ကြောင်းသိရသည်။

   Webradio