• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်က ကုန်သွယ်ရေးစစ်ပွဲ လှုံ့ဆော် ပြုလုပ်ခြင်းအပေါ် ကမ္ဘာ့ နိုင်ငံ များစွာ ဒေါထ၊ "အမေရိကန် ပထမ" ဆိုတာဟာ အောင်မှာ မဟုတ်

(GMT+08:00) 2018-07-07 17:57:41

အမေရိကန်နိုင်ငံဟာ ဒီလ ၆ ရက်နေ့ကစပြီး တန်ဖိုး အမေရိကန်ဒေါ်လာ  ၃၄ ဘီလီယံ ရှိတဲ့ တရုတ် ကုန်ပစ္စည်းအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ခဲ့ပြီး လူသား စီးပွါးရေး သမိုင်းမှာ အတိုင်းအတာ အကြီးဆုံးသော ကုန်သွယ်ရေး စစ်ပွဲကို လှုံ့ဆော် ပြုလုပ်ခဲ့တယ်။ ကမ္ဘာ့ နိုင်ငံ များစွာတို့က ဒါအပေါ် ဒေါထ နေကြပါတယ်။ နိုင်ငံ များစွာမှ ပညာရှင်၊ အရာရှိနဲ့ မီဒီယာများက၊ ထရန့်အစိုးရရဲ့ သမိုင်း ရေစီးကြောင်းကို ကျောခိုင်းတဲ့ ကုန်သွယ်ရေး မူဝါဒကို ပြစ်တင်ရှုတ်ချပြီး ဖြစ်နိုင်စရာ ဆိုးကျိုးများအပေါ်လည်း စိုးရိမ်မကင်း ဖြစ်နေကြကာ၊ ထရန့်ရဲ့ "အမေရိကန် ပထမ" ဆိုတဲ့ မူဝါဒဟာ အောင်နိုင်မှာ မဟုတ်ဘူးလို့လဲ အသီးသီး ဖေါ်ပြခဲ့ကြပါတယ်။

စပိန်နိုင်ငံ တရုတ်ပြည်ရေးရာ မူဝါဒ စင်တာ ဥက္ကဋ္ဌ ဟူလီယို ရီအိုစ်က ၆ ရက်နေ့မှာ တရုတ် မီဒီယာအုပ်စုမှ သတင်းထောက်နဲ့ တွေ့ဆုံရာမှာ၊ အဲဒီ ကုန်သွယ်ရေးစစ်ပွဲဟာ ၂၀၀၈ ခုနှစ်က နိုင်ငံတကာ ငွေကြေး အကျပ်အတည်းလို အန္တရာယ် ရှိမှာ ဖြစ်ပြီး တစ်ကမ္ဘာလုံးဟာ ဒါ့အတွက် စိုးရိမ်မကင်း ဖြစ်နေကြောင်း၊ အမေရိကန်က ကုန်သွယ်ရေး စစ်ပွဲ ပြုလုပ်တဲ့ နောက်ဆုံး ရည်ရွယ်ချက်ဟာ တရုတ်ပြည်ရဲ့ ရှင်သန် ဖွံ့ဖြိုးရေးကို ရင်ဆိုင်ဖို့နဲ့ ကိုယ့်နိုင်ငံရဲ့ ဗိုလ်ကျ အဆင့်နေရာကို ထိန်းသိမ်းဖို့ပဲ ဖြစ်ကြောင်း ပြောကြားပါတယ်။

ဘယ်လ်ဂျီယံ အောက်လွှတ်တော် ဥက္ကဋ္ဌ စီဂ်ဖရီဒ် ဘရက်ခ်က တရုတ် မီဒီယာ အုပ်စုမှ သတင်ထောက်နဲ့ တွေ့ဆုံရာမှာ၊ ထရန့်အစိုးရက ကုန်သွယ်ရေးစစ်ပွဲ လှုံ့ဆော် ပြုလုပ်တဲ့ အကြောင်းရင်းဟာ ရွေးကောက်ပွဲမှာ ကတိပြုချက်ကို ဖေါ်ဆောင်နိုင်ဖို့ ဖြစ်ကြောင်း၊ ဒါပေမဲ့ စီးပွါးရေးအုပ်စု တစ်ခုက တခြား ဘက်တစ်ဘက်အား အခွန် တိုးကောက်တဲ့ လုပ်ရပ်ဟာ လွတ်လပ်စွာ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်တာ ဖြစ်ကြောင်း၊ တာလတ် တာရှည် ရှုထောင့်အရ ထရန့် တလျှောပ်လုံး စွဲကိုင်နေတဲ့ "အမေရိကန် ပထမ" ဆိုတဲ့ မူဝါဒဟာ အောင်နိုင်မှာ မဟုတ်ကြောင်း ပြောကြားပါတယ်။

ဗြိတိန်နိုင်ငံ ငွေကြေး တိုင်းမ်စ် သတင်းစာမှာ၊ ဘက်ပေါင်းစုံ ပါဝင်တဲ့ ကုန်သွယ်ရေး စစ်ပွဲဟာ ကမ္ဘာ့စီးပွါးရေး တိုးတက်မှုကို အဟန့်အတား ဖြစ်စေနိုင်မယ်လို့ ဗြိတိန် ဗဟိုဘဏ် ဥက္ကဋ္ဌက သတိပေး ပြောကြားခဲ့ကြောင်း ရေးသားဖေါ်ပြထားပါတယ်။

အမေရိကန် ခံရမယ့် နစ်နာဆုံးရှုံးမှုဟာ တရုတ်ပြည်ထက် ပိုများမယ်လို့ ခန့်မှန်း ရကြောင်း၊ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေး စစ်ပွဲမှာ အမေရိကန်နဲ့ တရုတ် နိုင်ငံတို့ ရင်ဆိုင်ရတဲ့ အန္တရာယ် အကြီးဆုံး ဖြစ်ပြီး ဒါပေမယ့် အဲဒီ နိုင်ငံ နှစ်နိုင်ငံသာ မကကြောင်း BBC မှသတင်းမှာ သုံးသပ်ထားပါတယ်။ DBS ကုမ္ပဏီ ထိပ်တန်း စီးပွါးရေးပညာရှင် Taimur Baig က၊ ကုန်သွယ်ရေး စစ်ပွဲဟာ တရုတ်နဲ့ အမေရိကန် စီးပွါးရေး အုပ်စု နှစ်ခုရဲ့ ဒီနှစ် ဂျီဒီပီကို ၀့  ၂၅ ရာခိုင်နှုန်းလောက် လျော့နည်း လာစေနိုင်မှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ကျွမ်းကျင်ပညာရှင်များက၊ ယနေ့ အမေရိကန် နိုင်ငံရဲ့ အမေရိကန်ဒေါ်လာ ဆိုင်ရာ အားသာချက်နဲ့ အဆင့်မြင့် သိပံ္ပနည်းပညာဆိုင်ရာ ကုန်ထုတ်လုပ်မှုရဲ့ နောက်ဖက်မှာ စူပါ စားသုံးကုန် ဈေးကွက်နဲ့ လုပ်သား အရင်းအမြစ် များပြားတဲ့ တရုတ်နိုင်ငံ ရှိလို့ကြောင့်ပဲ အမေရိကန်ရဲ့ ဗိုလ်ကျနေရာ ဖြစ်တည်လာစေတာ ဖြစ်ကြောင်း၊ တကယ်လို့ အမေရိကန်က ကုန်သွယ်ရေးစစ်ပွဲကို စွဲစွဲမြဲမြဲ ဆက်လက် ပြုလုပ်ရင် ဝင်ငွေ ရရှိဖို့ လမ်းများကို ဖြတ်နိုင်မှာ ဖြစ်ပြီး ရှုံးနိမ့်မှာ ဖြစ်ရကြောင်း၊ အမေရိကန်ရဲ့ ကုန်သွယ်ရေး မူဝါဒ အပေါ် ကမ္ဘာ့ နိုင်ငံ များစွာတို့က ဒေါထ နေကြောင်း သုံးသပ်ထားကြပါတယ်။

   Webradio