• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် ကုန်သွယ်ရေးစစ်ပွဲ လှုံ့ဆော်ပြုလုပ်သော်လည်း ကိုယ်ကျိုး စီးပွါး ကာကွယ်ရန် ရည်ရွယ်ချက် ထမြောက်နိုင်မည် မဟုတ်ဟု ပညာရှင်များ ဆို

(GMT+08:00) 2018-07-07 11:11:30

ယခုလ ၆ ရက်နေ့က အမေရိကန်သည် အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ တန်ဖိုးရှိ တရုတ်ပြည် ကုန်ပစ္စည်းအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကို တရားဝင် စတင် ကောက်ယူခဲ့သည်။ တရုတ် ကျွမ်းကျင်ပညာရှင်များက၊ အမေရိကန်၏ ယင်းကဲ့သို့သော ခေတ်နောက်ကျသည့် အခွန်တိုးကောက်သော နည်းလမ်း ပြုလုပ်ခြင်းသည် စံတင်လောက်သော "ကုန်သွယ်မှု ဗိုလ်ကျစိုးမိုးရေးဝါဒ" ဖြစ်ပြီး တရုတ်နိုင်ငံသည် စီးပွါးရေး ဆက်တိုက် ပုံမှန် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရန် ယုံကြည်စိတ်ရှိပါကြောင်း၊ အမေရိကန်သည် ကုန်သွယ်ရေးစစ်ပွဲ လှုံ့ဆော်ပြုလုပ်သော်လည်း ကိုယ်ကျိုး စီးပွါး ကာကွယ်ရန် ရည်ရွယ်ချက် ထမြောက်နိုင်မည် မဟုတ်ကြောင်း ယူဆကြပါသည်။

တရုတ် မက္ကရို စီးပွါးရေး သုတေသနဌာန ဒုဌာနမှူး ပီကြည်ယောက်က၊ တရုတ်နိုင်ငံသည် ပြုပြင် ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးလုပ်ငန်းကို နှစ် ၄၀ ကျော် ဆောင်ရွက်ပြီးနောက် မျက်မှောက်ကာလ၌ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွါးရေး အုပ်စု ဖြစ်လာပြီ ဖြစ်ပြီး စီးပွါးရေး အင်အား တောင့်တင်းလာကာ အမေရိကန်၏ "ကုန်သွယ်မှု ဗိုလ်ကျစိုးမိုးရေးဝါဒ"ကို တိုက်ခိုက်ရာ၌ အောင်ပွဲ ရနိုင်မည်ဟု ယုံကြည်စိတ် ရှိပါကြောင်း သုံးသပ်ထားပါသည်။

   Webradio