• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်က အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ တန်ဖိုးရှိ တရုတ်ပြည် ကုန်ပစ္စည်းအပေါ် အခွန် တိုးကောက်ခြင်းနှင့်ပတ်သက်ပြီး တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

(GMT+08:00) 2018-07-07 10:54:02

ယခုလ ၆ ရက်နေ့က အမေရိကန်သည် အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ တန်ဖိုးရှိ တရုတ်ပြည် ကုန်ပစ္စည်းအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကို တရားဝင် စတင် ကောက်ယူခဲ့သည်။ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက၊ အမေရိကန်သည် WTO စည်းမျဉ်းစည်းကမ်းကို ဖေါက်ဖျက်ပြီး ယခုအချိန် အထိ စီးပွါးရေး သမိုင်းတွင် အတိုင်းအတာ အကြီးဆုံးသော ကုန်သွယ်ရေး စစ်ပွဲကို လှုံ့ဆော် ပြုလုပ်ခဲ့ကြောင်း၊ ယင်းသည် စံတင်လောက်သော "ကုန်သွယ်မှု ဗိုလ်ကျစိုးမိုးရေးဝါဒ" ဖြစ်ပြီး၊ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု တစ်ခုလုံးကို ထိခိုက်မည့်အပြင် နိုင်ငံတကာ ဈေးကွက်များ မတည်မငြိမ်မှုများလည်း ဖြစ်စေနိုင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတော် အမြုတေ အကျိုးစီးပွါးနှင့် ပြည်သူလူထုများ၏ အကျိုးစီးပွါးကို ထိန်းသိမ်း ကာကွယ်ရန် အတွက် လိုအပ်သော တုံ့ပြန် ဆောင်ရွက်မှုများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ နိုင်ငံအသီးသီးနှင့် အတူ လွတ်လပ်စွာ ကုန်သွယ်ရေး စနစ်နှင့် နိုင်ငံစုံစနစ်ကို ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio