• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်ရဲ့ "ကုန်သွယ်မှု ဗိုလ်ကျစိုးမိုးရေးဝါဒ"မှာ ရှုံးနိမ့်မှာ မုချဧကန်ပဲ

(GMT+08:00) 2018-07-07 09:59:24

ဒီလ ၆ ရက်နေ့က အမေရိကန်ဟာ အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ တန်ဖိုးရှိ တရုတ်ပြည် ကုန်ပစ္စည်းအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကို တရားဝင် စတင် ကောက်ယူခဲ့တယ်။ တုံ့ပြန် ဆောင်ရွက်တဲ့ အနေနဲ့ တရုတ်နိုင်ငံလည်း ယင်းနေ့ကပဲ အလားတူ အတိုင်းအတာ အမေရိကန် ကုန်ပစ္စည်းအပေါ် သွင်းကုန် အခွန် ၂၅ ရာခိုင်နှုန်းကို ကောက်ယူတယ်။ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက၊ အဲဒါဟာ တရုတ်နိုင်ငံက နိုင်ငံတော်ရဲ့ အမြုတေ အကျိုးစီးပွါးနဲ့ ပြည်သူလူထုများရဲ့ အကျိုးစီးပွါးကို ထိန်းသိမ်းကာကွယ်ဖို့အတွက် မတတ်နိုင်ပဲ ပြုလုပ်ရတဲ့ လိုအပ်တဲ့ တုံ့ပြန် ဆောင်ရွက်မှု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လူသား စီးပွါးရေး သမိုင်းမှာ အတိုင်းအတာ အကြီးဆုံးသော ကုန်သွယ်ရေးစစ်ပွဲ စတင်ပြီလို့ ဆိုနိုင်ပါတယ်။

ယင်းမတိုင်မီက၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ မက္ကဆီကို၊ အိန္ဒိယ၊ တူရကီ စတာတွေလည်း အမေရိကန်ကို ရည်စူးတဲ့ ကုန်သွယ်မှု တုံ့ပြန် ကာကွယ်ရေး စစ်ပွဲကို ပြုလုပ်နေပြီ၊ ကမ္ဘာပေါ်မှာ အင်အား ကြီးသည်ထက် ကြီးလာတဲ့၊ အမေရိကန်ရဲ့"ကုန်သွယ်မှု ဗိုလ်ကျစိုးမိုးရေးဝါဒ"ကို ခုခံဆန့်ကျင်တဲ့ အင်အား ဖြစ်တည်လာနေပါတယ်။

ကမ္ဘာပေါ်မှာ တစ်ခုတည်းသော စူပါ နိုင်ငံကြီး အဖြစ်နဲ့ အမေရိကန်ဟာ စီးပွါးရေး၊ သိပံ္ပနည်းပညာ၊ စစ်ရေး စတဲ့နယ်ပယ်များမှာ အားသာချက် ပိုင်ဆိုင်နေပါတယ်။  အမေရိကန်ဟာ အမေရိကန်ကိုပဲ ဦးစားပေးရတဲ့မူနဲ့၊ အကောက်ခွန်နဲ့ အကြောင်းပြပြီး "ကုန်သွယ်မှု ဗိုလ်ကျစိုးမိုးရေးဝါဒ"ကို ပြောင်ပြောင်တင်းတင်း ကျင့်သုံးနေတယ်။ ဒါဟာ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု တစ်ခုလုံးကို ထိခိုက်မယ့်အပြင် နိုင်ငံတကာ ဈေးကွက်များ မတည်မငြိမ်မှုများလည်း ဖြစ်စေနိုင်မယ်။ နောက်ဆုံးမှာ အမေရိကန် လုပ်ငန်းကုမ္ပဏီများနနဲ့ ပြည်သူများအပါအဝင် အပြစ်မဲ့ လုပ်ငန်းကုမ္ပဏီများနဲ့ စားသုံးသူများရဲ့ အကျိုးစီးပွါးကိုလည်း ထိခိုက်မှာ ဖြစ်ပါတယ်။ အမေရိကန် ထုတ်ပြန်တဲ့ အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ တန်ဖိုးရှိ တရုတ်ပြည် ကုန်ပစ္စည်း စာရင်းဇယား အနက် ၅၉ ရာခိုင်နှုန်းဟာ တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေတဲ့ အမေရိကန် ကုမ္ပဏီများ အပါအဝင် နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီများရဲ့ ထုတ်ကုန်ပစ္စည်းများ ဖြစ်တယ်။ ဒါကြောင့် "အမေရိကန်ဟာ တစ်ကမ္ဘာလုံးအား ပစ်ခတ်မှုများ ပြုလုပ်နေတဲ့ တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကိုလည်း ပစ်ခတ်မှု ပြုလုပ်နေတယ်" ဆိုခြင်းဟာ မမှားပါဘူး။ အမေရိကန်ရဲ့ အဲဒီလို  "ကုန်သွယ်မှု ဗိုလ်ကျစိုးမိုးရေးဝါဒ"ဟာ ရှုံးနိမ့်သွားမှာ မုချဧကန်ပဲ။

၂၀၁၈ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က အမေရိကန်ဟာ ကုန်သွယ်ရေးစစ်ပွဲကို တစ်ဖက်သတ် လုံ့ဆော် ပြုလုပ်ပြီး၊ နိုင်ငံတကာ စီးပွါးရေး စည်းစနစ် အပေါ် ရန်စ တိုက်ခိုက်မှုဟာ ထိပ်ဆုံး ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ နိုင်ငံတကာ မိသားစုကြီး အနေနဲ့ နိုင်ငံအသီးသီးတို့ ကျယ်ကျယ်ပြန့်ပြန့် အကျိုးစီးပွါး ခံစားနေရတဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးစနစ်နဲ့ နိုင်ငံစုံ စနစ်ကို ပြတ်ပြတ်သားသား လက်တွဲ ထိန်းသိမ်းကာကွယ်ရမယ်၊ အမေရိကန်ရဲ့  "ကုန်သွယ်မှု ဗိုလ်ကျစိုးမိုးရေးဝါဒ"ကို ပြတ်ပြတ် သားသား တိုက်ခိုက်ရပါတယ်။

   Webradio