• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးကို တရုတ် ကန့်ကွက်သည်ဟု လူခမ်း ဆို

(GMT+08:00) 2018-07-07 09:06:49

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းသည် ယခုလ ၆ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင်၊ တရုတ်နှင့် အမေရိကန်၏ ကုန်သွယ်မှု ပြဿနာနှင့် ပတ်သက်ပြီး တရုတ်ပြည်ဘက်၏ ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြု ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

လူခမ်းက၊ တရုတ်နိုင်ငံသည် တစ်ဖက်သတ် ဝါဒကို တလျှောက်လုံး ကန့်ကွက် ပါကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးကို ကန့်ကွက်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ လွတ်လပ်စွာ ကုန်သွယ်ရေးနှင့် နိုင်ငံစုံ စနစ်ကို ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

    တရုတ် အကောက်ခွန်ဌာနချုပ်မှ အခွန် ကောက်ယူရေးဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်က၊ အမေရိကန်မှ သွင်းကုန် အချို့အပေါ် အခွန် တိုးကောက်ရန် ဆောင်ရွက်မှုကို ပီကင်း စံတော်ချိန် ယခုလ ၆ ရက်နေ့ ၁၂ နာရီ ၁ မိနစ်မှ တရားဝင် စတင် ပြုလုပ်ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio