• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်အား ရည်စူးသော အခွန် တုံ့ပြန်ဆောင်ရွက်မှု တရုတ် ပြုလုပ်

(GMT+08:00) 2018-07-07 08:58:09

    တရုတ် အကောက်ခွန်ဌာနချုပ်မှ အခွန် ကောက်ယူရေးဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်က၊ အမေရိကန်မှ သွင်းကုန် အချို့အပေါ် အခွန် တိုးကောက်ရန် ဆောင်ရွက်မှုကို ပီကင်း စံတော်ချိန် ယခုလ ၆ ရက်နေ့ ၁၂ နာရီ ၁ မိနစ်မှ တရားဝင် စတင် ပြုလုပ်ပြီ ဖြစ်ကြောင်း ပြောကြားပါသည်။ အမေရိကန်၏ အခွန် တိုးကောက်ခြင်းအပေါ် တရုတ်ပြည်၏ တုံ့ပြန် ဆောင်ရွက်မှု အချိန်ဇယားနှင့် ပတ်သက်ပြီး ယခုလ ၅ ရက်နေ့က သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ယင်းတာဝန်ရှိပုဂ္ဂိုလ်က၊ တရုတ် နိုင်ငံတော်ကောင်စီ အခွန် ကောက်ယူရေး စည်းမျဉ်းစည်းကမ်းကော်မတီ၏ ၂၀၁၈ ခုနှစ် အမှတ်-၅ ကြေညာစာတမ်းအရ၊ မူရင်း အမေရိကန်၌ ထုတ်လုပ်သော သွင်းကုန် အချို့အပေါ် အခွန် တိုးကောက်ရန် ဆောင်ရွက်မှုကို အမေရိကန်၏ အခွန် တိုးကောက်ရန် ဆောင်ရွက်မှု အာဏာတည်ပြီးနောက် ချက်ချင်း ဖေါ်ဆောင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။ အမေရိကန် အကောက်ခွန်ဌာနနှင့် နယ်စပ် ကာကွယ်ရေး ဦးစီးဌာနမှ သတင်းအရ၊ အမေရိကန်သည် ဒေသစံတော်ချိန် ဇူလိုင်လ ၆ ရက်နေ့ သုည နာရီ ၁ မိနစ်တွင် ပထမ အသုတ် စာရင်းဇယားပါ အမျိုး ၈၁၈ မျိုး၊ အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်းအးပေါ် ၂၅ ရာခိုင်နှုန်း အခွန် တိုးကောက်ခဲ့သည်။ တုံ့ပြန်ဆောင်ရွက်သည့် အနေနှင့် တရုတ်နိုင်ငံသည် ယင်းနေ့၌ပင် အလားတူ အတိုင်းအတာ အမေရိကန် ကုန်ပစ္စည်း အပေါ် သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ခြင်း ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio