• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"စီးပွားရေး ကျူးကျော်မှု"သည် အမေရိကန်မှ ကြံစည်ပြုလုပ်သော "တရုတ်ပြည်မှ ခြိမ်းခြောက်မှု" ပြောဆိုချက်အသစ်ဖြစ်

(GMT+08:00) 2018-07-06 16:41:27

တရုတ်နှင့် အမေရိကန် အကြားရှိ ကုန်သွယ်မှု အထစ်အငေါ့သည် အရှိန်မြင့်လာပြီး ကုန်သွယ်မှု စစ်ပွဲ ကျရောက်သည့် အန္တရာယ်ရှိနေကြောင်း၊ လွန်ခဲ့သည့် ၃လကျော် အတွင်း  အမေရိကန်သည် တရုတ်ပြည်မှ တင်သွင်းသော အမေရိကန် ဒေါ်လာ ဘီလီယံပေါင်း များစွာနှင့် ချီသော ကုန်ပစ္စည်းများ အပေါ် အခွန်တိုးကောက်မည်ဟု အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ယင်းယုတ္တိမဲ့ ရန်စမှုများ၏ နောက်ခံ အထောက်အပံ့မှာ သူတပါး တုန်လှုပ်ချောက်ချားအောင် အမေရိကန် အစိုးရမှ ကြံစည်ပြုလုပ်သော "စီးပွားရေး ကျူးကျော်မှု" အသိသညာပင် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

အမေရိကန် အိမ်ဖြူတော်မှ နိုင်ငံတော် ကုန်သွယ်ရေး ကော်မတီ ဒါရိုက်တာ နာဗာရိုက မကြာခင်က "အမေရိကန်နှင့် ကမ္ဘာ့ နည်းပညာနှင့် ပညာမူပိုင်ခွင့် အပေါ် တရုတ်ပြည်မှ စီးပွားရေး ကျူးကျော်မှု ခြိမ်းခြောက်ခြင်း" အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ တရုတ်ပြည် အပေါ် "စီးပွားရေး ကျူးကျော်မှု" ဟူသော အမည်ဆိုးတပ်ရန် ကြံစည်ကြောင်း၊ ယခုနှစ် မတ်လက ထရန့်သည် တရုတ်ပြည်ကို ရည်စူးသော သမ္မတ စာချွန်လွှာကို လက်မှတ် ရေးထိုးရာတွင် တရုတ်ပြည်၏ "စီးပွားရေး ကျူးကျော်ရေး ဆောင်ရွက်မှု"ကို ရည်ရွယ်ရန် ဖြစ်သည်ဟုလည်း ပြောကြားကြောင်း၊ လွန်ခဲ့သည့် သီတင်းပတ်က အမေရိကန် မီဒီယာ အချို့သည် တရုတ်နှင့် သီရိလင်္ကာတို့၏ ဟန်ဘန်တိုတာဆိပ်ကမ်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း အစီအစဉ်ကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ခဲ့ကြောင်း၊ ၄င်းတို့၏ ရည်ရွယ်ချက်မှာ သီရိလင်္ကာ အစိုးရမှ အဆိုပြုခဲ့သော ၄င်းပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း အစီအစဉ်ကို တရုတ်ပြည်မှ ဒေသခံတွင် "ကိုလိုနီနယ်မြေ တည်ထောင်ခြင်း"နှင့် "ကျူးကျော်ခြင်း" အဖြစ် အိုးမဲသုတ်ရန် ကြံစည်ကြောင်း၊ သို့သော် သိရီလင်္ကာ လွှတ်တော်အမတ် အချို့က ရုပ်မြင်သံကြားမှတစ်ဆင့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာ၌ ၄င်းသတင်းထုတ်ပြန်ချက် များကို ပြစ်တင်ရှုတ်ချကြောင်း စီအာအိုင်က ဖော်ပြသည်။

သို့သော် ၄င်း ကိုယ့်စိတ်ကူးနှင့် မှန်းဆခြင်း၊ ယိုးစွပ်ခြင်းနှင့် သတင်းအတုများ ပေါ်တွင် အခြေခံသော "စီးပွားရေး ကျူးကျော်မှု"သည်  အမေရိကန်မှ ကြံစည်ပြုလုပ် သော "တရုတ်ပြည်မှ ခြိမ်းခြောက်မှု" ပြောဆိုချက်အသစ် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

အမေရိကန်၏ "စီးပွားရေး ကျူးကျော်မှု" စံချိန်စံညွှန်းဖြင့် တိုင်းတာမည်ဆိုလျှင် ယခုတွင် အမေရိကန်သည် ၄င်း၏ ဗိုလ်ကျစိုးမိုးမှုနှင့် "အမေရိကန် အပေါ် ဦးစားပေးရေး"ဟူသော အကျိုးစီးပွား အတွက် ကမ္ဘာပေါ်က နိုင်ငံအများစုကြီး အပေါ် စီးပွားရေး အရ ကျူးကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ အမေရိကန် နယူးယောက် တက္ကသိုလ် ဧည့်သည် ပါမောက္ခ၊ ကမ္ဘာ့ စီးပွားရေး သုတေသနဌာန ဝါရင့် သုတေသီ ဂျေးမ်စ် နော်လ်တ်က တရုတ်ပြည် လုယက်မှု ပြုလုပ်သည့် ကုန်သွယ်ရေး နိုင်ငံ ဖြစ်ပါက နိုင်ငံ အများစုသည် တရုတ်ပြည် အပေါ် ကုန်သွယ်မှု လိုငွေပြမှု ရှိသင့်ကြောင်း၊ သို့သော် အကယ်၍ အမေရိကန် မှလွဲ၍ အခြား အဓိက ကုန်သွယ်ရေး နိုင်ငံများသည် တရုတ်ပြည် အပေါ် ကြီးမားသည့် လိုငွေပြမှု မရှိကြောင်း ပြောကြားသည်ဟု စီအာအိုင်က ဖော်ပြသည်။

အနာဂတ်တွင် အိမ်ဖြူတော်၏ ဗိုလ်ကျစိုးမိုးမှု သဘောထား၊ တရုတ်ပြည် အပေါ် ထိန်းချုပ်ဟန့်တားရေး မဟာဗျူဟာ၊ နိုင်ငံရေး ဆိုင်ရာ အတွေးအခေါ်နှင့် ပတ်သက်သော တစ်ဖက်သတ် တယူသန် အမြင်သည် ပြောင်းလဲမည် မဟုတ်ကြောင်း၊ သို့သော် တရုတ်ပြည် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံးခဲ့သည့် နှစ်ပေါင်း ၄၀အတွင်း တရုတ်ပြည် အနေနှင့် ပြင်ပမှ ဖိအားပေးမှု၊ အသရေဖျက်ခြင်းနှင့် ဝင်ရောက်စွက်ဖက်မှု အပေါ် အညံ့မခံခဲ့ဖူးကြောင်း၊ တရုတ်ပြည်သည် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုမှ အကျိုးရရှိပြီး တိုးတက်ကြီးထွားလာကာ နိုင်ငံတကာ မိသားစုကြီးတွင် ဝင်ရောက်ခဲ့ကြောင်း၊ တရုတ်ပြည် ကောင်းမွန်လျှင် ကမ္ဘာ့အတွက် အကြီးဆုံး အကျိုးပြုစွမ်းဆောင်မှု ဖြစ်ရာ ကျကြောင်း၊ တရုတ်ပြည်သည် ကမ္ဘာ့ အတွက် ပိုမိုကြီးမားသည့် အကျိုးပြု စွမ်းဆောင်မှု ပြုလုပ်မည် ဖြစ်ကြောင်းလည်း စီအာအိုင်က ဖော်ပြသည်။

   Webradio