• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်သွယ်မှု စစ်ပွဲ လှုံ့ဆော်သူသည် ထိုလူ၃ယောက်ဖြစ်

(GMT+08:00) 2018-07-06 16:40:40

အမေရိကန် စံတော်ချိန် ယခုလ ၆ရက်နေ့က တရုတ်ပြည်မှ တင်သွင်းသည့် အမေရိကန် ဒေါ်လာ ၃၄ဘီလီယံဖိုး ရှိသော ကုန်ပစ္စည်းများ အပေါ် အခွန်တိုးကောက်ရန် အမေရိကန် ကြေညာသည့် ဆုံးဖြတ်ချက်သည် တရားဝင် အာဏာတည်မည် ဖြစ်ကြောင်း၊ တရုတ်ပြည်သည် အသင့်စောင့်ဆိုင်းနေပြီး ပမာဏနှင့် အရည်အသွေး ညီမျှသော အထွေထွေ ဆောင်ရွက်ချက်များဖြင့် တုံ့ပြန်မည် ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်မှု စစ်ပွဲသည် ထိလိုက်သည်နှင့် ဝုန်းဆိုပေါက်ကွဲ သွားတော့မည့် သကဲ့သို့ ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

ကုန်သွယ်မှု စစ်ပွဲတွင် အနိုင်ရရှိသူ မရှိ၊ တရုတ်-အမေရိကန် ကုန်သွယ်မှု စစ်ပွဲ ဖြစ်ပွားလျှင် တရုတ်၊ အမေရိကန်နှင့် တစ်ကမ္ဘာလုံးက ပြည်သူများသည် ဆုံးရှုံးနစ်နာမှု ခံရမည်ကို တရုတ်ပြည် သိရှိကြောင်း၊ သို့သော် အမေရိကန် နိုင်ငံတွင် လူ ၃ယောက် ယင်းကဲ့သို့ မမြင်ကြောင်း၊ အမေရိကန်၏ ခြွင်းချက်မရှိသော ဗိုလ်ကျစိုးမိုးမှု ထိန်းသိမ်းကာကွယ်ရေး၊ ပုဂ္ဂလိက၏ စူပါပါဝါ အကောင်အထည်ဖော်ရေးနှင့် ပုဂ္ဂလိက အကျိုးစီးပွား ရှာကြံရေးတို့သည် အမေရိကန် ကုမ္ပဏီများနှင့် ပြည်သူများ၏ ကန့်ကွက်မှုနှင့် တစ်ကမ္ဘာလုံးက ပြည်သူများ၏ အကျိုးစီးပွားနှင့် ချမ်းမြေ့သာယာမှုများထက် ပိုများစွာ အရေးကြီးသည်ဟု ၄င်းတို့ ယူဆကြကြောင်း စီအာအိုင်က ဖော်ပြသည်။

၎င်းလူ၃ယောက်တွင် အမေရိကန် သမ္မတ ထရန့်၊ "အမေရိကန် ကုန်သွယ်ရေး ဇာဘုရင်"ဟု အများက ခေါ်ဝေါ်ကြသည့် ရောဘတ် လိုင်သီဇာနှင့် "တရုတ်ပြည်မှ ခြိမ်းခြောက်မှု" ပြောဆိုချက်ကို ကြံစည်ပြုလုပ်သူ ပီတာ နာဗာရို ပါဝင်ကြောင်း၊ ရောဘတ် လိုင်သီဇာသည် အမေရိကန် ၃၀၁ စုံစမ်းစစ်ဆေးမှု၏ အဓိက ဒီဇိုင်းရေးဆွဲသူ ဖြစ်ကြောင်း၊ ၄င်းက ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့တွင် တရုတ်ပြည် ပါဝင်ခြင်းသည် အမေရိကန် အပေါ် ခြိမ်းခြောက်မှု အန္တရာယ် ဖြစ်ကြောင်း ပြောကြားသည့် အပြင်၊ ကုန်သွယ်ရေး ပြဿနာနှင့် ပတ်သက်၍ အမေရိကန် အစိုးရမှ တရုတ်ပြည် အပေါ် အလျှော့ပေးခြင်းကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်မှု အထစ်အငေါ့ ဖြစ်ပွားသည့် နောက်ပိုင်းတွင် ၄င်းသည် ရှေ့ပြေးပြီး တရုတ်ပြည်ကို ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် တိုက်ရိုက် ဖိအားပေးပြီး တရုတ်ပြည်၏ ဖွံ့ဖြိုးရေး လမ်းကြောင်းကို ပြောင်းလဲစေရန် ကြံစည် နေကြောင်း၊ ပီတာ နာဗာရိုသည် "တရုတ်ပြည်မှ ခြိမ်းခြောက်မှု" ပြောဆိုချက်ဖြင့် အမေရိကန် နိုင်ငံရေး ဇာတ်ခုံပေါ်တွင် တက်ခြင်းဖြစ်ကြောင်း၊ ၄င်းသည် အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို၊ အမေရိကန်-တရုတ် စီးပွားရေး လုံခြုံမှု စစ်ဆေးရေး ကော်မတီနှင့် အမေရိကန် လွှတ်တော်စသည့် လုပ်ငန်းဌာနများတွင် တရုတ်ပြည်ကို ကြိမ်ဖန်များစွာ ပုတ်ခတ်ပြောဆိုခဲ့ပြီး ထရန့်မှ အာရုံစိုက်မှု ရရှိပြီး ထရန့်၏ မူဝါဒချမှတ်ရေး ဆိုင်ရာ အရေးအကြီးဆုံးသော အကြံပေး အရာရှိ ဖြစ်လာကြောင်း၊ သို့သော် အမေရိကန်မှ အဓိက မီဒီယာများနှင့် ပညာရှင်များက နာဗာရိုသည် တရုတ်ပြည် အပေါ် အမေရိကန်မှ ကုန်သွယ်မှု လိုငွေပြမှု ရှိခြင်း၏ အရင်းခံ အကြောင်းရင်းကို သိရှိနားလည်မှု မရှိဟု ယူဆကြကြောင်း  စီအာအိုင်က ဖော်ပြသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ကျော်တွင် အမေရိကန်မှ စွဲကိုင်သည့် "လွတ်လပ်သော ကုန်သွယ်ရေး"နှင့် "တံခါးဖွင့် လူမှုရေး" မူဝါဒကို ယခု ထရန့် အစိုးရသည် လုံးဝ တွန်းလှန် ခဲ့ကြောင်း၊ အမေရိကန် တည်ထောင်သူများ အနေနှင့် ဂုဏ်ယူမိကြသော အစဉ်အလာ တန်ဖိုးအမြင်များကို ၄င်း၃ယောက်တို့ စွန့်လွှတ်ခဲ့ပြီ ဖြစ်ကြောင်း၊ ယခု အမေရိကန်သည် "အထီးကျန်ဆန်ရေး ဝါဒ"နှင့် "တံခါးပိတ် လူမှုရေး"သို့ တဖြည်းဖြည်း ကျရောက်နေကြောင်း၊ ယင်းကို အမေရိကန်သည် "ဆုတ်ယုတ်ကျဆင်းသည့် အစပျိုးလိုက်ခြင်း"ဖြစ်သည်ဟု လူအချို့က ယူဆကြကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio