• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် တေလေဆန်သည့် စူပါနိုင်ငံကြီး ဖြစ်နိုင်ဖွယ်ရာရှိမည်ဟု အမေရိကန် တတ်သိပညာရှင်များအဖွဲ့ဆို

(GMT+08:00) 2018-07-06 16:40:04

      အမေရိကန် ပြည်သူ့ သဘောထား ကောက်ယူမှု လုပ်ငန်းဌာန ဖြစ်သည့် Rasmussen Reportsက မကြာခင်က ထုတ်ပြန်ခဲ့သော ပြည်သူ့ သဘောထား စစ်တမ်းကောက်ယူမှု ရလဒ်အရ အင်တာဗျူလက်ခံသူ ၃ပုံ၁ပုံက လာမည့် ၅နှစ် အတွင်း အမေရိကန်နိုင်ငံသည် ဒုတိယ အကြိမ် ပြည်တွင်းစစ်ပွဲ ဖြစ်ပွားနိုင်ဖွယ်ရာရှိမည်ဟု ယူဆကြကြောင်း သိရသည်။ အမေရိကန်၏ ဆင်းရဲမှုနှင့် တန်းတူညီမျှမှု မရှိခြင်း အခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂမှ ထုတ်ပြန်သည့် အစီရင်ခံစာ တစ်ရပ်တွင် ထရန့် အစိုးရ၏ အမေရိကန် ဒေါ်လာ ဘီလီယံ ၁၅၀၀ဖိုး ရှိသော အခွန်လျှော့ချရေး မူဝါဒသည် ချမ်းသာသူများ အတွက် ချမ်းမြေ့သာယာမှုကို အလွန်များပြားစွာ ဖန်တီးပေးပြီး အမေရိကန် ပြည်တွင်းရှိ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုနှင့် တန်းတူညီမျှမှု မရှိခြင်းကို တိုးပွားစေခဲ့ကြောင်း ရေးသား ဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

အမေရိကန် Brookings ပညာရှင်များအဖွဲ့မှ အဆင့်မြင့် သုတေသီ ရောဘတ် ကာဂန်က မကြာခင်က ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ရာ အမေရိကန်သည် တေလေ ဆန်သည့် စူပါနိုင်ငံကြီး ဖြစ်နိုင်ဖွယ်ရာရှိမည်ဖြစ်ကြောင်း သတိပေးဖော်ပြခဲ့သည်။ ကာဂန်က ကုန်သွယ်ရေး၊ အီရန် နျူကလီးယား သဘောတူ စာချုပ်၊ နေတိုးအဖွဲ့ ကာကွယ်ရေး အသုံးစရိတ်နှင့် ကိုးရီးယား ကျွန်းဆွယ် ပြဿနာနှင့် ပတ်သက်၍ မကြာခင်က ထရန့်၏ ဆောင်ရွက်မှုများသည် ကမ္ဘာ့ကို အညံ့ခံစေရန် အတွက် အမေရိကန် သမ္မတဟောင်းများ အနေနှင့် လက်ခံစွဲကိုင်သည့် ကျင့်ဝတ်တရား၊ နိုင်ငံရေး ဆိုင်ရာ အတွေးအခေါ်၊ အယူအဆနှင့် မဟာဗျူဟာအရ ကန့်သတ်မှုများကို ထရန့်မှ ဖြိုခွင်းမည်ကို ပြဆိုနေကြောင်း ဖော်ပြသည်။

အမေရိကန်သည် "ကမ္ဘာ့ရဲ"အဖြစ် ကိုယ့်ကိုယ်ကိုယ် သဘောထားပြီး အခြား နိုင်ငံများကို "တေလေဆန်သည့် နိုင်ငံ"(rogue state) အဖြစ် မကြာခဏ ခေါ်ဝေါ်သည်။ သို့သော် လွန်ခဲ့သည့် တစ်နှစ်ကျော် အတွင်း အမေရိကန်၏ တေလေဆန်သည့် လုပ်ရပ်များ အပေါ် အမေရိကန် ပြည်တွင်းမှ အမျှော်အမြင်ရှိသူများနှင့် နိုင်ငံတကာ မိသားစုကြီးသည် နက်ရှိုင်းစွာ စိုးရိမ်မကင်း ဖြစ်မိကြကြောင်း စီအာအိုင်က ဖော်ပြသည်။

အမေရိကန် ဝါရှင်တန်ပို့စ်တ် သတင်းစာမှ စာရေးဆရာ ရောဘတ် ဂျေ စာမူလ်စွန်က ဒုတိယ ကမ္ဘာစစ်ပွဲ အပြီးတွင် အမေရိကန် ရရှိသော အကြီးဆုံး အောင်မြင်မှုမှာ စစ်ရေး မဟာမိတ်အဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ကုန်သွယ်ရေး မူဝါဒကျင့်သုံးခြင်းဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ အမေရိကန် ဦးဆောင်သော ယင်းနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးသည် ခေတ်ကာလ၏ ခရီးမှတ်တိုင် တစ်ခု ဖြစ်ကြောင်း၊ အဓိက စီးပွားရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုများ အပေါ် နိုင်ငံတကာ အင်အားများမှ တွန်းအားပေးမှု တစ်နေ့တခြား တိုးလာသည့် လက်ရှိ အခြေအနေမျိုးတွင် nationalismကို ခံယူထားခြင်းဖြင့် အမေရိကန်ကို ရှင်သန်လာစေ နိုင်မည် ဟူသော ယူဆချက် စွဲကိုင်ခြင်းသည် ထရန့်၏ အကြီးဆုံး အရူးအမူးကြံစီချက် ဖြစ်ပြီး အထမမြောက်နိုင်ကြောင်းလည်း ပြောကြားသည်။

   Webradio