• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့်အာဆီယံပူးပေါင်းဆောင်ရွက်မှုရှေ့အလားအလာကောင်းမွန်

(GMT+08:00) 2018-07-06 15:12:31

၂၀၁၈ခုနှစ်သည် "တရုတ်-အာဆီယံဆန်းသစ်တီထွင်ရေးနှစ်"ဖြစ်သည့်အပြင် တရုတ်-အာဆီယံမဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုတည်ထောင်ခဲ့ သည့် အထိမ်းအမှတ်၁၅နှစ်ပြည့်လည်းဖြစ်ပါသည်။ ယခုလ၅ရက်နေ့က တရုတ်အများသူ့သံတမန်ရေးအသင်းနှင့် ရှန်ဟိုင်းပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်မှ ကြီးမှူးကျင်းပသော "One Belt & Road"----တရုတ်လုပ်ငန်းကုမ္ပဏီများ အာဆီယံတွင် ရင်းနှီးမြှုပ်နှံရေးနှီးနှောဖလှယ်ပွဲကို ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည်ဟု တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

တရုတ်နှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်ရန် ရှေ့အလားအလာ အလွန်ကောင်းမွန်ပြီး အပြန်အလှန်အကျိုးရှိစေရေး အခြေအနေ ကောင်းမွန်ပါကြောင်း ယခုအကြိမ်နှီးနှောဖလှယ်ပွဲတွင်ပါဝင် ဧည့်သည်တော်များက ယူဆကြသည်ဟု သတင်းအရသိရပါသည်။

   Webradio