• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့်ဥရောပတို့သည် စည်းမျဉ်းဥပဒေလိုက်နာသောလွတ်လပ်စွာကုန်သွယ်ရေးစနစ် ကို အတူ ထိန်းသိမ်းသင့်သည်ဟု ဝမ်ယိဆို

(GMT+08:00) 2018-07-06 12:30:29

တရုတ်နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယခုလ ၅ ရက်နေ့က ဗီယင်နာမြို့တွင် သြစတြီးယားနိုင်ငံခြားရေးဝန်ကြီးကနေစ်လ်နှင့် သတင်းထောက်များ၏ မေးမြန်းချက်များကိုဖြေကြားခဲ့ရာ ကုန်သွယ်ရေးဆိုင်ရာကိုယ်ကျိုးစီးပွါးထိန်းသိမ်းရေးဝါဒ သည် အမြင်ကျဉ်းသော ဆောင်ရွက်မှုဖြစ်ပြီး အခြားသူများ၏အကျိုးကိုထိခိုက်ကာ ကိုယ်ကျိုးစီးပွါးအတွက်လည်း အကျိုးမရှိကြောင်း၊ မည်သည့်တစ်ဘက်သတ်ဝါဒမဆိုWTO ၏စည်းမျဉ်ဥပဒေကို ဖောက်ဖျက်ပြီး နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို နစ်နာစေမည်ဖြစ် ကြောင်း၊ ကမ္ဘာ့စီးပွါးရေး၏ နာလန်ပြန်ထူ ရေးအခြေအနေနှင့်ဖွံ့ဖြိုးရေးအလားအလာအပေါ် ဆိုးကျိုးသက်ရောက်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

   Webradio