• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျေးလက်ဒေသပြန်လည်ရှင်သန်စေရေးမဟာဗျူဟာဆောင်ရွက်ခြင်းသည် ဦးစားပေး နေရာတွင် ထားရှိမည်ဟုရှီကျင့်ဖိန်ဆို

(GMT+08:00) 2018-07-06 11:35:40

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် မကြာခင်က ကျေးလက်ဒေသ ပြန်လည်ရှင်သန်စေရေးမဟာဗျူဟာ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ညွှန်ကြားခဲ့ရာ ကျေးလက်ဒေသပြန်လည်ရှင်သန်စေရေးမဟာဗျူဟာဆောင်ရွက်ခြင်းသည် တရုတ်ကွန်မြူ နစ်ပါတီ ၁၉ ကြိမ်မြောက်ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံမှ ပြုလုပ်ထားသော အရေးကြီးဆုံးဖြတ်ချက်ဖြစ်ပြီး ခေတ်သစ်တွင် လယ်ယာစိုက်ပျိုးရေး၊ ကျေးရွာ၊ လယ်သမားလုပ်ငန်းကို ကောင်းမွန်အောင် ဆောင်ရွက်သည့် အရေးကြီးဆောင်ရွက်ချက်နှင့်ကျားကန်ပေးချက်ဖြစ်ကြောင်း ၊ ဒေသအရပ်ရပ်မှ ဌာနအသီးသီးတို့သည် ကျေးလက်ဒေသပြန်လည်ရှင်သန်စေရေးမဟာဗျူဟာ ၏ အရေးကြီးသော အနက်အဓိပ္ပါယ်ကို အပြည့်အဝသိရှိနားလည်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio