• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လျန်ကြားဟို အပိုင်း-၅

(GMT+08:00) 2018-07-06 08:29:18

ဂူအဆောက်အအုံရှေ့မှာ မတ်တပ်ရပ်နေတဲ့ ၁၄ နှစ်သာရှိတဲ့ အဝတ်အစား နွမ်းနွမ်း လျလျပိန်ပိန်ပါးပါးနဲ့ ဝူဟွေးဆိုတဲ့ သူဟာ ရှီကျင့်ဖိန်ထက် တနှစ်ပဲငယ်လောက်ပြီး လျန်ကြားဟိုရွာက အလယ်တန်းကျောင်းသားလေးတယောက်ပါ။

အေးချမ်းလှတဲ့  ၁၂ လပိုင်း ဂူအဆောက်အအုံထဲမှာ အေးလွန်းတာမှ ရေခဲဂူလားတောင် ထင်မိပါတယ်။ ပညာတတ်လူငယ်တွေက ဝူဟွေးကို မီးမွှေတတ်လားလို့ မေးလိုက်တော့ ဝူဟွေးက "တတ်တာပေါ့"ပြန်ဖြေတယ်။

ဒါနဲ့ပဲ ဝူဟွေးက ပညာတတ်လူငယ်လေးများ ဂူအဆောက်အအုံထဲ အမြဲဝင်ထွက် သွားလာနိုင်တဲ့ အမြဲတမ်းဧည့်သည်ဖြစ်သွားတယ်။ ပညာတတ်လူငယ်တွေက ရန်ချွမ်း ဒေသရဲ့လေသံကို နားမလည်တဲ့အခါ သူ့ကိုမေးလိုက်တယ်။ "ဘာသာပြန်ဆရာ"ဆိုတဲ့ သရုပ်ဆောင်ကဏ္ဍက ဝူဟွေးကို ယုံကြည်မှုပိုတိုးစေတာပေါ့။  လူငယ်တွေနဲ့ စကားစမြည်ပြောနေတာကို သူကနှစ်သက်တယ်၊ သူ့ကို ဒီ့ထက်ပိုဆွဲဆောင်နေတာက သူတို့ရဲ့ မီးဖို၊ ပြတင်းပေါက်စင်နဲ့ ခေါင်းအုံးဘေးနားမှာ ရှိတဲ့စာအုပ်တွေပါပဲ။

ဝူဟွေးငှားဖတ်တဲ့ ပထမဆုံး စာအုပ်က ရှီကျင့်ဖိန်သယ်လာတဲ့ (မေးခွန်းပေါင်း၁ သိန်း)စာအုပ်ပါပဲ။ ဒီစာအုပ်က သူ့ကိုဗဟုသုတကြွယ်ဝတဲ့ ကမ္ဘာကြီးရဲ့ ပြတင်းပေါက်တခုကို ဖွင့်ပေးလိုက်သလိုပါပဲ။ စိတ်အားထက်သန်မှုနဲ့ တက်ကြွလှုပ်ရှားမှုဖြစ်စေပြီး လက်ထဲကပင် မချနိုင်လောက်အောင်ပါပဲ။

(မေးခွန်းပေါင်း ၁ သိန်း)စာအုပ်ကို ဖတ်ပြီးတဲ့နောက် ဝူဟွေးက ရှိကျင့်ဖိန်ဆီက (၃ပြည်ထောင်)၊ (အမေ)၊ (တည်ငြိမ်နေတဲ့ ဒွန်မြစ်)စတဲ့ စာအုပ်တွေထပ်ငှားခဲ့ပါတယ်။ သူက ပညာတတ် လူငယ်အဖွဲ့ထဲက ဝမ်ရန့်စန်းနဲ့ လေဖျံစန်းတို့ဆီကနေ စစ်မှန်ခြင်းနဲ့ ပွင့်လင်းခြင်းဆိုတာကို ခံစားရရှိခဲ့ရတယ်။ ရှီကျင့်ဖိန်ဆီကနေတော့ မိမိကိုယ်ကိုယ်နှိမ့်ချခြင်းနဲ့ လက်တွေ့ဆန်ခြင်း ကို ရရှိခဲ့တယ်။ရှီကျင့်ဖိန်ရဲ့ လုပ်ဆောင်ချက်တန်ပြန်သက်ရောက်မှုအောက်မှာ ဝူဟွေးဟာ ဗဟုသုတကြွယ်ဝပြည့်စုံတဲ့ ပင်လယ်ပြင်ကြီးထဲ လက်ပစ်ကူးနေရသလိုပါပဲ၊ ဒီကနေ တက္ကသိုလ်တက်ဖို့အထိ စိတ်ပိုင်းဖြတ်လာခဲ့တယ်။

၁၉၇၃ခုနှစ် ဝူဟွေးနဲ့ ရှီကျင့်ဖိန်တက္ကသိုလ်တက်တက်ဖို့ အတူလျှောက်ခဲ့ကြပြီး ဝူဟွေးကတော့ ရန်အန်းဆရာများအတတ်သင်ကျောင်းက ဖိတ်ကြားခြင်းခံခဲ့ရတယ်။ ဝူဟွေးကျောင်းတက်ဖို့ ထွက်ခွာတဲ့ အချိန်မှာ ရှီကျင့်ဖိန်ဟာ သူ့ကို တရုတ်ပိဿာ ၃၀ ရှိတဲ့ စားနပ်ရိက္ခာကိုဝယ်နိုင်တဲ့ လက်မှတ်ကို လက်ဆောင်အဖြစ်ပေးခဲ့တယ်။ နောက်ထပ် ဝမ်ရန့်စန်း လျန်ကြားဟိုရွာက ထွက်သွားတုန်းက ကျန်နေခဲ့တဲ့ အပြာရောင်ကော်လံအင်္ကျီ ခါးရှည်ကို ထုတ်ပေးရင်း ပြောလိုက်တယ်။ "မင်းဒီအင်္ကျီယူသွား၊ ကျောင်းရောက်ရင်ဝတ် လို့ရတယ်၊ စောင်လိုလည်းသုံးလိုရသေးတယ်။"

ဘွဲ့ရပြီးတော့ ဝူဟွေးကရှေ့ဆင့်နောက်ဆင့်ဆိုသလို ရန်ချွမ်းခရိုင်ဆရာများရုံး၊ ရီကြီး အလယ်တန်းကျောင်း၊ ရုံဖိန်မြို့ပညာရေးကော်မတီဘုတ်အဖွဲ့၊ ရုံဖိန်အလယ်တန်းကျောင်း စတဲ့ နေရာဌာနတွေမှာ အလုပ်လုပ်ခဲ့ပါတယ်။ သူဟာ စံပြအဖြစ် သရုပ်ပြသင်ကြားရေးအဖွဲ့ ဖွဲ့ပြီး ပညာရေးအရည်အသွေးကို မြှင့်တင်ရင်း ရီကြီးအလယ်တန်းကျောင်းကို ရန်ချွမ်းခရိုင်မြို့ အလယ်တန်းကျောင်းဖြစ်အောင်လုပ်ဆောင်ခဲ့ပါတယ်။ လမှုအဖွဲ့အစည်း အင်အားကို ဆွဲဆောင်ရန် အားပေးအားမြောက်ပြုလုပ်ပြီး ကျောင်းအခြေခံအချက်အလက် ကောင်းမွန်အောင်ပြောင်းလဲရင်း ရုံဖိန်အလယ်တန်းကျောင်းကို လုံးဝပြောင်းလဲပစ်လိုက်ပါ တယ်။ ဘယ်ကိုပဲရောက်ရောက် ဝူဟွေးက သူ့ကိုယ်သူ စကားလျှော့ပြော အလုပ်များများ လုပ်ဆိုပြီး တောင်းဆိုခဲ့တယ်။ လက်တွေ့ဆန်တဲ့ လူသန်ကြီးတယောက်လုပ်ဖို့လည်းပါတာ ပေါ့။

၂၀၁၄ခုနှစ် ဝူဟွေးပင်စင်မယူခင်မှာ တယောက်တည်းကျောင်းဝင်းထဲ အပျင်းပြေ လမ်းလျှောက်နေရင်း ခွဲခွာဖို့ နှမြောနေမိတယ်။ "လူ့သက်တမ်းက ဒီလိုပဲဖြတ်သန်းရတယ်၊ အတိတ်ကအဖြစ်တွေပြန်တွေးရင်း သူ့ရဲ့နှစ်တွေလတွေ ကုန်ဆုံးသွားခဲ့ရတာကို နောင်တမရပါဘူး၊ သာမှန်ဘဝနဲ့ ဖြတ်သန်းခဲ့ရတာကိုလည်း ရှက်စရာမရှိခဲ့ပါဘူး……"ဝူဟွေးတွေးနေတာကတော့ သူဟာ လူ့ဘဝရဲ့ အနှစ်သာရကို မပျက်စေခဲ့ဘူးဆိုတာပါပဲ။

ဒါပေမဲ့လည်း ဝူဟွေးနဲ့ တနှစ်တည်းအတူတက္ကသိုလ်ဝင်ခွင့်စာမေးပွဲတက်တဲ့ ရှီကျင့်ဖိန် ကတော့ မိသားစုအကြောင်းရင်းကြောင့် ချင်းဟွာတက္ကသိုလ်က အပယ်ခံလိုက်ရပါတယ်။ ၂ နှစ်ကြာပြီးတဲ့နောက်၊ ၁၉၇၅ခုနှစ်မှာ ရန်ချွမ်းဒေသရှိ ချင်းဟွာတက္ကသိုလ်တွင် တက်ရောက် ခွင့်အမည်စာရင်း(၂)ဦးသာပေးလိုက်ပါတယ်။ ဒါနဲ့ ရှီကျင့်ဖိန်ကလည်း  နောက်တခေါက် ထပ်လျှောက်လိုက်။ အဲဒီအချိန်မှာ ရှီကျုံးရွှေရှိတဲ့မီးလောင်ခံကုန်ကြမ်းစက်ရုံက ထောက်ခံစာ တစောင်ထုတ်လိုက်တယ်။ ကြည့်ရတာခက်ခဲပေမဲ့ အဆင်ပြေတဲ့ လမ်းတလမ်းဖွင့်ပေးလိုက်တဲ့ "နိုင်ငံရေးမူဝါဒ"---"ရှီကျုံးရွှေဟာပြည်သူချင်းချင်း သဘောထားကွဲလွဲမှုဖြစ်တာလို့ဆိုတယ်၊ သားသမီးတွေကျောင်းတက်ဖို့အတွက် ထိခိုက်မှု မဖြစ်စေရ"ဒါကြောင့်ရှီကျင့်ဖိန်ဟာ ချင်းဟွာတက္ကသိုလ်ရဲ့ ဖိတ်ကြားခြင်းကို ခံရတယ်။

ကျောင်းဖွင့်တဲ့ ရက်တွေမှာ ရှီကျင့်ဖိန်ဟာ ကုန်ထုတ်လုပ်မှုအဖွဲ့ထဲက ကိစ္စတွေနဲ့ အလုပ်များနေဆဲပဲ။ သူကသူ့အလုပ်နေရာအစားထိုးဖို့အတွက် စဉ်းစားတွေးတောနေပါတယ်။

ဆွေဝါဆိုတာ စစ်ချွန်းရန်ရဲ့ငယ်နာမည်ပါ၊ သူဟာ ရိုးသားတည်ကြည်တယ်၊ ရှီကျင့်ဖိန် ကုန်ထုတ်လုပ်မှုအဖွဲ့ပါတီ အတွင်းရေးမှူးချုပ် အဖြစ်ခန်အပ်ခံရပြီးတဲ့နောက် စစ်ချွန်းရန်ကို အဖွဲ့ခေါင်းဆောင်၊ ဌာနခွဲကော်မတီဝင်အဖြစ်တင်မြှောက်ခဲ့တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် စစ်ချွန်းရန်ဟာ ရှီးကျင့်ဖိန်ရွေးချယ်ထားတဲ့သူလို့သိနိုင်တယ်။ ၄၊၅ရက်ကြာပြီးတဲ့နောက် ရှီကျင့်ဖိန်ဟာ ပါတီအဖွဲ့ဝင်အစည်းအဝေးလုပ်ပြီး အစည်းဝေးပြီးခါနီးမှာ သူကပြောတယ်၊ "ကျွန်တော်သွားတော့မယ်၊ နောက်တက်လာမယ့် အတွင်းရေးမှူးချုပ် ဘယ်သူဖြစ်မလဲဆိုတာ ကျွန်တော်တို့ရွေးရမယ်၊ ကျွန်တော်ကတော့ ဆွေဝါကို အားပေးတယ်"  ဒီတော့ အားလုံးက စာရွက်ပေါ်မှာလည်း ဆွေဝါလို့ရေးကြတယ်။

စစ်ချွန်းရန်ကတော့၊ "ဒီရလဒ်က အမှန်တော့ ကျွန်တော်က သိမ်တော်နေလို့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ရွာကလူတွေက ကျင့်ဖိန်ကို ယုံကြည်လို့ပါ၊ သူက ကျွန်တော်ကို အားပေးထောက်ခံတယ်၊ ဒါကြောင့် အားလုံးက ကျွန်တော့်ကို ရွေးချယ်ခဲ့တာ"ပြောတယ်။

 

စစ်ချွန်းရန်ကိ တသက်လုံးအမှတ်ရစေတဲ့ကိစ္စခုတော့ရှိတယ်----

     ရှီကျင့်ဖိန် ကုန်ထုတ်လုပ်မှုအဖွဲ့အတွင်းရေးမှူးချုပ်ရွေးချယ်ခံရပြီး မကြာခင်မှာ ကုန်ထုတ်လုပ်မှုအဖွဲ့ ကယ်ဆယ်ရေးစားနပ်ရိက္ခာတချို့ရခဲ့တယ်၊ ဒါကို ဘယ်လိုခွဲဝေမလဲဆိုတာ အဖွဲ့ဝင်တွေကြားမှာ ငြင်းခုံမှုတွေဖြစ်ခဲ့တယ်၊ ရှီကျင့်ဖိန်သိတယ် အားလုံးရဲ့ဘဝဟာ မလွယ်ကြဘူးဆိုတာ၊ ဒါနဲ့ သူက "ကျွန်တော်တို့ အခုအိမ်တိုင်းကို သွားကြည့်မယ်၊ ဘယ်သူက ဘယ်လောက်ခွဲဝေသင့်လဲ၊ ဘယ်သူက လျှော့ပေးသင့်တယ် ဆိုတာ ကြည့်လိုက်တာနဲ့ သိနေပြီပဲ" ပြောတယ်။

   ည ၁၀နာရီက မနက်မိုးသောက်ယံ ၅နာရီထိ ရှီကျင့်ဖိန်ဟာ အားလုံးကို ခေါ်ပြီး တအိမ်တက် တအိမ်ဆင်း လိုက်ကြည့်ကြတယ်၊ စာရင်းတိတိကျကျမှန်မှန်ကန်ကန်နဲ့ မိသားစုတိုင်းရဲ့ စားနပ်ရိက္ခာအခြေအနေကို သိခဲ့ရတယ်၊ ဘယ်မိသားစုက ရိက္ခာနည်းရင် ပိုဝေပေး၊ ဒါဆို ဘယ်သူမှ ဘာမှ ပြောစရာမရှိတော့ဘူး။

ဒီကိစ္စက စစ်ချွန်းရန်ရဲ့ စိတ်ထဲအမှတ် ထင်ကျန်ရစ်စေခဲ့တယ်။ သူက ပြောတယ် "ဒီလိုပြတ်သားတဲ့ လုပ်ရပ်ဟာ ဘယ်သူ့ကိုမှ အချောင်နှိုက်ဖို့ အခွင့်အရေးမပေးခဲ့ဘူး။ လူဆိုတာ တကိုယ်ကောင်းဆန်တယ်။ ရေတစ်ခွက်ကို မမှောက်အောင်မလုပ်နိုင်ဘူး။ အများကလည်း ယုံကြည်မှာမဟုတ်ဘူး။ ရေတစ်ခွက်မမှောက်မတိမ်းစောင်းအောင် တည့်တည့်မတ်မတ်ကိုင်ရမယ်၊ နောက်ပြီးတော့ ပြဿနာဖြေရှင်းတဲ့နည်းလမ်းဟာလည်း အာလုံးလက်ခံနိုင်တဲ့နည်လမ်းဖြစ်ရမယ်"

၁၉၇၅ခုနှစ် အောက်တိုဘာ ၇ရက်နေ့မှာ ရှီကျင့်ဖိန် လျန်ကြားဟိုရွာကနေ ထွက်ခွာသွားတဲ့နေ့ဖြစ်ပါတယ်။ အဲ့ဒီ့နေ့မနက်မှာ သူတံခါးဖွင့် ဂူအဆောက်အအုံကနေ ထွက်လာတဲ့အချိန် တွေ့လိုက်ရတာက ခြံဝင်းတခုလုံး လမ်းဘေးဘယ်ညာမှာရော လူတွေအပြည့်ပါပဲ---လူကြီး၊ ကလေး၊ သက်ကြီးရွယ်အို၊ ရွာထဲက လူအားလုံးလာကြတယ်။ သူတို့ လက်ထဲမှာ ဆီးသီးနဲ့ပြောင်းဆန်လေးတွေ ကိုင်ဆောင်ထားပြီး၊ အသံမထွက်ပဲ ရပ်နေကြတယ်၊ ရှီကျင့်ဖိန်ရဲ့ မျက်ရည်ဟာ အဆက်မပြတ် စီးဆင်းလာပါတော့တယ်။

 အဲ့ဒီနေ့ ရွာထဲက လူတွေအားလုံးတောင်ပေါ်တက် အလုပ်မလုပ်ကြပဲ စီတန်းပြီး ရှီကျင့်ဖိန်ကို လိုက်လံပို့ဆောင်နှုတ်ဆက်ကြပါတယ်။ ဆယ် မိုင်ကျော်အထိပေါ့။ နှစ်တွေကြလာပြီးတဲ့နောက် ရှီကျင့်ဖိန်ဟာ နက်ရှိုင်းတဲ့ တွယ်တာမှုဖြစ် လာပါတော့တယ်-------

သူ့အမြင်မှာတော့ လျန်ကြားဟိုရွာက သူ့ဘဝကအချိုးအကွေ့တခုပါပဲ၊ သူက ပြောတယ်၊ "ခြေထောက်က မြေကြီးပေါ်နင်းပြီးလူက ပြည်သူကြားမှာရှိနေတဲ့ခဲစားချက်ဟာ လူကို တည်ငြိမ်လုံခြုံမှုကို ပေးစွမ်းနေပြီး အားအင်ပြည့်ဝစေပါတယ်၊ စန်ရှီးပြည်နယ် မြောက်ပိုင်း ကုန်းပြင်မြင့်ဒေသက ကျွန်တော်ရဲ့ဇာတိ၊ ဒီမှာ ကျွန်တော်ရဲ့ မပြောင်းလဲတဲ့ ခံယူချက်ကို ပြုစုပျိုးထောင်ပြီး ပြည်သူတွေအတွက် လက်တွေ့ကျမယ့် အလုပ်ကို လုပ်ခဲ့ပါတယ်။ ကျွန်တော်ခွဲခွာသွားတဲ့အချိန်မှာတော့ ကျွန်တော့်ရဲ့ စိတ်နှလုံးကို ဒီမှာထားခဲ့ ရမယ်"

ရှီကျင့်ဖိန် လျန်ကြားဟိုရွာကနေ ထွက်ခွာသွားပြီးတဲ့နောက် စစ်ချွန်းရန်ဟာ  "ရေတစ်ခွက် တည့်မတ်အောင်ထားခြင်း" ဆိုတဲ့ အတွေးကို ရပ်တန့်သွားခြင်းမရှိခဲ့ပါဘူး။

ပစ္စည်းဥစ္စာရှားပါတဲ့ခေတ်မှာ စစ်ချွန်းရန်တွေ့ရှိခဲ့တာက "ရေတစ်ခွက် တည့်မတ်အောင် ထားခြင်း" ဆိုတဲ့ မှန်ကန်မှုကို အလေးထားခြင်းပါပဲ။ စီးပွားရေးတွေ တရှိန်ထိုး ဖွံ့ဖြိုးတိုးတက်နေတဲ့ခေတ်မှာတော့ "ရေတစ်ခွက်တည့်မတ်အောင်ထားခြင်း" ဆိုတဲ့ကိစ္စမှာ အရေးအပါဆုံးက ခွက်ထဲမှာ "ရေ"ရှိဖို့က အဓိကပါ။ စစ်ချွန်းရန်ဟာ ရန်ချွမ်း ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒနဲ့ ပေါင်းစပ်ပြီး လျန်ကြားဟိုရွာ ပန်းသီးထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်ကို ထုတ်ဖော်ပြောကြားလာပါတယ်။

        ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ရှီကျင့်ဖိန်လျန်ကြားဟိုရွာကိုသွားပြီး ရွာက မိတ်ဆွေများနဲ့ နှုတ်ခွန်းဆက်ခဲ့ပါတယ်။ တောင်ပေါ်မှာပန်းသီးခြံရှိတယ်ကြားတာနဲ့ ချက်ချင်းတောင်ပေါ်တက်သွားကြည့်ခဲ့တယ်။ "တစ်ဧကအကျယ်မြေမှာ လူအင်းအားအရင်းအနှီးထည့်မတွက်ပဲ ပိုးသတ်ဆေးနဲ့ မြေသြဇာဖိုးနဲ့တင် တစ်ထောင်ကျော်လောက်အရင်းအနှီးနဲ့ ဆိုရလောက်တယ်။ အပင်တွေ ကနောက် ၅ နှစ်ဆိုရင် အသီးစသီးပြီ၊ နှစ်စဉ်ဝင်ငွေက ယွမ် ၄၊၅ ထောင်။ အသီးအောင်တဲ့အချိန်မှာ နှစ်စဉ်ဝင်ငွေက ယွမ် ၂သောင်းအထက်မှာရှိမယ်။"

စစ်ချွန်းရန်မိတ်ဆက်ပေးနေတဲ့အချိန် တောင်ပေါ်အသီးအနှံခြံကိုကြည့်ရင်း ရှီကျင့်ဖိန် ပြုံးလိုက်ပါတယ်။ ကြည့်ရတာ ဆွေဝါက ရွာသားတွေကို ဦးဆောင်ပြီး ကုန်ထုတ်လုပ်မှုတွေ လုပ်ဆောင်နေတတ်တာပါပဲ။

အဲ့ဒီပန်းကန်ထဲက "ရေ" ကပိုပို များလာလေပါပဲ။ ၂၀၁၄ခုနှစ်မှ လျန်ကြားဟိုရွာကို လာရောက်လည်ပတ်တဲ့ သူပိုပိုများလာတယ်။

လျန်ကြားဟိုရွာ စတင်ပြီးတော့ ယဉ်ကျေးမှုခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အင်တိုက်အားတိုက်ဆောင်ရွက်လာပါတယ်။ ၂၀၁၅ခုနှစ် မေလ ၁ ရက်နေ့မှာ လျန်ကြားဟိုရွာမှာ ကျေးရွာယဉ်ကျေးမှု ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်ကို ထူထောင်ခဲ့ပါတယ်။ စစ်ချွန်းရန်ဟာ ဝန်ထမ်းခန့်ပြီး ကုမ္ပဏီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ရေးဆွဲကာ ပြည့်စုံတဲ့အုပ်ချုပ်ရေး စနစ်ကို တည်ထောင်ခဲ့ပါတယ်။ ရွာသူရွာသားတွေဟာလည်း ဒီကုမ္ပဏီရဲ့ ဝန်ထမ်းတွေဖြစ်လာပြီး ၆၀ ရာခိုင်နှုန်းရွာသားတွေက မိမိအိမ်ရှေ့မှာ တင် အလုပ်အကိုင် အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

ခေတ်တွေကတော့ တိုးတက်ပြောင်းလဲဆဲ၊ "ရေတစ်ခွက်တည့်မတ်အောင်ထားခြင်း" ဆိုတဲ့ပုံပြင်ကတော့ ဆက်ရေးနေပါဦးမယ်။ ဖွံ့ဖြိုးတိုးတက်ခြင်းဆိုတာ ပုဒ်မမရှိပါဘူး "ရေတစ်ခွက် တည့်မတ်အောင်ထားခြင်း" ဆိုတဲ့ပုံပြင်ကလည်း အဆုံးသတ်မရှိပါဘူး။

 

 

   Webradio