• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ကြားဟို အပိုင်း-၎

(GMT+08:00) 2018-07-06 08:28:39

     ၁၉၇၄ခုနှစ်ဇန်နဝါရီလ ၁ရက်နေ့၊ မြေဝါ-ကုန်းပြင်မြင့်ဒေသဟာ ဆောင်းဦးသို့ဝင်ရောက်ခဲ့ပါပြီ။ မကြာခင်ဆိုသလို တရုတ်နှစ်သစ်ကူးပွဲတော်ကို ရောက်ရှိလာတော့များဖြစ်ပါတယ်။ လျန်ကြားဟိုရွာက အရပ်သူအရပ်သားတွေဟာ တရုတ်နှစ်သစ်ကူးပွဲတော်ကြိုဆိုဖို့ပြင်ဆင်မှုတွေစလုပ်တေကြပါပြီ။

ရှီကျင်ဖိန်ဟာ ကုန်ထုတ်လုပ်မှုအဖွဲ့ ပါတီဌာနခွဲ အတွင်းရေးမှူးချုပ်အဖြစ် ရွေးလျယ်တင်မြှောက်ခြင်း ခံထားရပြီး သူဟာလျန်ကြားဟိုရွာရဲ့သွင်ပြင်ကို ပြောင်းလဲရန်အတွက် အစဉ်အမြဲစဉ်စားတွေးတောနေပါတယ်။

တစ်နေ့မှာ ရှီကျင့်ဖိန်သတင်းစာဖတ်နေတဲ့အချိန် အဲဒီလရဲ့လဆန်း ၈ရက်နေ့ထုတ်(ပြည်သူ့နေ့စဉ်သတင်းစာ)မှာ မိုင်ပေါင်းများစွာအကွာမှာ တည်ရှိတဲ့စီချွမ်းပြည်နယ်ရဲ့ဇီဝဓါတ်ငွေ့အကြောင်း ရေးသားဖော်ပြထားတဲ့ ဆောင်းပါးနှစ်ပုဒ်က သူ့ကို စိတ်ဝင်စားစေပါတယ်။ အကယ်၍များငါတို့ဆီမှာလည်း ဇီဝဓာတ်ငွေ့သုံးပြီးစားသောက်ဖွယ်ရာများ ချက်ပြုတ်နိုင်မယ် ဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးနေမိတယ်။

တည်နေရာအလွန် ဝေးလံလှတဲ့အတွက် ကျောက်မီးသွေးလိုရင်မိုင်ပေါင်းရာကျော်မှာရှိတဲ့ ကျောက်မီးသွေးတွင်းကို သွားယူရမယ်။ တစ်လျှောက်လုံးမှာ ပြည်သူများစားသောက်ဖို့ ချက်ပြုတ်တဲ့အခါမှာ သစ်အတော်များများကို ခုတ်ယူရတဲ့အတွက် ရေမြေလစ်ဟင်းမှုဖြစ်ပြီး လယ်ရာစိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို တန်ပြန်သက်ရောက်စေခဲ့ပါတယ်။ ဇီဝဓာတ်ငွေ့လုပ်လိုက်ရင် ကျေးရွာအရင်းအမြစ် ပြဿနာတွေ ဖြေရှင်းနိုင်ရုံသာမက ထုတ်လုပ်မှုစွမ်းရည်လည်း အဆင်ပြေနိုင်မယ်။ ဒါ့အပြင် မစင်စွန့်ပစ်ရှင်းလင်းတဲ့ အပိုင်းနဲ့ ကျေးရွာအများပြည်သူကျန်းမာရေး ကိစ္စကိုလည်း မြှင့်တင်ပေးနိုင်မယ်။ ဒီ့အပြင် လယ်ယာစိုက်ပျိုးရေးမြေသြဇာအတွက်လည်း ဖြေရှင်းနိုင်ပြီး စားနပ်ရိက္ခာ ထုတ်လုပ်မှု ပမာဏကိုလည်း မြှင်တင်ပေးနိုင်မယ်။ ဇီဝဓာတ်ငွေ့ဆိုတာ ကျေးရွာထုတ်လုပ်မှုနဲ့ နေထိုင်မှု ပြဿနာတွေအတွက် ဖြေရှင်းနိုင်ဖို့ သော့တစ်လက်ဖြစ်ပါတယ်။

ဇီဝဓါတ်ငွေရဲ့လှပကောင်းမွန်တဲ့ အနာဂတ်မျှော်လင့်ချက်ဟာ ရှီကျင်ဖိန်ကို ဆွဲဆောင်နေပေမယ့် သူ့ပုံစံက တောအလွန်တည်ငြိမ်နေပါတယ်။ စီချွမ်းနဲ့ စန်ရှီးရာသီဥတု မတူညီတဲ့အတွက် စီချွမ်းက အရင်းအမြစ်သော့တံဟာ စန်ရှီးရဲ့ သော့ခလောက်ကို ဖွင့်နိုင်ပါ့မလား၊ ရှီကျင့်ဖိန်ဟာ အမြဲတက်ကြွပြီး ကိုယ်ထူကိုယ်ထနေသူတဦးလည်းဖြစ်တာမို့ စီချွမ်းပြည်နယ်ကို ကိုယ်တိုင်သွားအဖြေရှာခဲ့ပါတယ်။

သူဟာမိုင်ပေါင်း ၄၀ကျော်ခြေကြင်လျှောက်လို့ ခရိုင်မြို့ကို သွားရောက်ခဲ့ပြီး မိမိရဲ့ဇီဝဓာတ်ငွေ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်နဲ့ မိမိကိုယ်တိုင်စီချွမ်းပြည်နယ်ကို စံပြအဖြစ်သင်ယူမယ့် အတွေးအမြင်ကို ခရိုင်ကော်မတီကို တင်ပြခဲ့ပါသည်၊ အဲဒီအတွက် ခွင့်ပြုမိန့်လည်းရရှိခဲ့ပါတယ်။ တရုတ်နှစ်သစ်ကူးပွဲတော်ပြီးတဲ့နောက်မှာ ရှီကျင့်ဖိန်ဟာ လမ်းစရိတ်ချေးပြီး ပေကျင်းမှာလာတဲ့ အရာရှိ ပေါ်ကွမ်းကျုအပါအဝင် ၃ဦးနဲ့ စီချွမ်းပြည်နယ်ကို ခရီးစတင်ခဲ့ပါတယ်။

စီချွမ်းပြည်နယ်ဇီဝဓါတ်ငွေ့ လုပ်ငန်းပိုင်းခေါင်းဆောင်အရာရှိများအဖွဲ့က ဒုတိယအဖွဲ့ခေါင်းဆောင်ယမ်ချောက တရုတ်ပြည်သစ် မတည်ထောင်ခင် ရန်အန်းမှာ ၈နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ထူးကဲလွန်းလှတဲ့ တော်လှန်ရေး ချစ်ကြည်ရင်းနှီးမှုကို ရင်ဝယ်ပိုက်ပြီး ရှီကျင့်ဖိန်ဦးဆောင်တဲ့အဖွဲ့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်။ ဒါ့အပြင် စီချွမ်းပြည်နယ် ဇီဝဓာတ်ငွေ့လုပ်ငန်းပိုင်းလုပ်ဆောင်လျက် အခြေအနေများကိုလည်း အသေးစိတ်ရှင်းပြခဲ့ပါတယ်။ ဒီ့အပြင် အဖွဲ့ကို ချန်တူး ဆင်ခြေဖုံးရပ်စတဲ့နေရာများကို သွားရောက်ပြီး ဇီဝဓာတ်ငွေ့သုတေသနဌာနမှာ လေ့လာသင်ယူနိုင်ဖို့လည်း စီစဉ်ပေးခဲ့ပါတယ်။

လေ့လာရေးအခြေအနေကနေ ယုံကြည်အားကိုးမှုအခြေအနေကို ပြောင်းလဲလာပြီး စီချွမ်းက ပြန်လာတဲ့အချိန်ကစပြီး ရှီကျင့်ဖိန်ဟာ လျန်ကြားဟိုရွာမှာ ဇီဝဓာတ်ငွေ့လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ အခက်အခဲကတော့ တစ်ခုပြီးတစ်ခု၊ ထင်ထားတာတွေထက် ပိုခက်ခဲ့နေခဲ့ပါတယ်။

ပထမဦးဆုံးက စမ်းသပ်ခန်းကို ဘယ်မှာဆောက်မလဲဆိုတာပဲ။ ရွာသားတွေရဲ့ အိမ်ဝင်းတွေအားလုံးက ဂူဖောက်တုန်းက မြေကြီးနဲ့ဖို့ ထားတာဖြစ်လို့ မြေကြီးတွေက ပွပြီးပျော့နေတယ်။ ဒါကြောင့်မို့ ဇီဝဓာတ်ငွေ့ကျင်းတူးဖို့ မသင့်တော်ဘူး။ ရွာထဲမှာရော ရွာပြင်က လမ်းတွေကရွာသားတွေ နင်းလို့ဖြစ်လာတဲ့လမ်းက ကွေ့ကောက်ကျဉ်းကျုံ့နေတာ၊ အုတ်သဲဘိလပ်မြေကားတွေဝင်လို့မရဘူး၊ ကုန်ကြမ်းတွေ ဒါဆိုဘယ်လိုသယ်မလဲ၊ ရွာသားတွေနေထိုင်တာလည်း ပြန့်ကျဲနေတာ၊ ဇီဝဓာတ်ငွေ့ကျင်းတူးပြီး ဂတ်စ်တွေ ဘယ်လိုပို့မလဲ၊ အခက်ဆုံးက ဇီဝဓာတ်ငွေ့ကျင်းအပိတ်က ကျောက်ပျဉ်ချပ်ရဲ့အထူနဲ့ တစ်ခုလုံးကို ဘယ်လိုအမျိုးအစားဆိုတာတွေဆိုတာ အရေးပါဆုံးပဲ။ ဒီလိုအရည်သွေးကောင်းတဲ့ ကျောက်က လျန်ကြားဟိုရွာမှာမရှိဘူး။

စဉ်းစားရမယ့်ပြဿနာတွေကို တခုပြီးတခုဖြေရှင်းမယ်၊ ကြိုးစားအားထုတ်ခြင်းဟာ ဖြေရှင်းခြင်းနည်းလမ်းပဲ။

ကျောက်တွေမရှိရင်ရှီကျင့်ဖိန်က လူတွေခေါ်ပြီးရွံ့တွေရှိတဲ့ကမ်းစပ်မှာ ၁ မီတာအနက်ရှိတဲ့ မြေတွေကို တူးရွှင်းပြားနဲ့ ကော်ထုတ်တယ်။ သဲမပါဘူး၊ ရှီကျင့်ဖိန်ဟာ လူငယ်တစ်ချို့ကို ခေါ်ပြီး  ၁၅ မိုင်အကွာမှာရှိတဲ့မြင်းခြံရှေ့ကမောင်းထဲကနေသွားတူးပြီး တအိတ်ပြီးတအိတ် သယ်လာတယ်။ဒီလိုနေ့တိုင်းတစ်နေ့ကို ၂ ခေါက်သယ်တယ်။ ကျောပေါ်မှာ ပွန်းပဲ့ဒဏ်ရာ တွေချည်းပဲ၊ဒါပေမဲ့ ဘယ်သူမှ ပင်ပန်းတယ်မအော်ခဲ့ဘူး။ ထုံးမရှိရင် သူက အတွေ့အကြုံ ရှိတဲ့ဆရာတွေဆီမှာသွားသင်ယူလေ့လာ တယ်။ ထုံးကျောက်ကို နေရာအနှံ့လိုက်ရှာတယ်။ ပြီးတော့ထုံးကျောက်စက်ရုံထောင်ပြီး ကိုယ်တိုင် ထုတ်လုပ်တယ်။

ဇီဝဓါတ်ငွေ့လုပ်ဆောင်ရန် အောင်မြင်ဖို့အတွက် ယုံကြည်မှုကို ရင်ဝယ်ပိုက်ပြီး ရှီကျင့်ဖိန်ဟာ အလုပ်တွေပအတော်များခဲ့ရပါတယ်။မတူညီတဲ့စကားသံတွေလည်း ကြားနေရ တယ်။

ကျင်းတူးဖို့ အလုပ်များနေတဲ့ရှီကျင့်ဖိန်ကို တချို့တွေကပြောတယ်။ လုပ်မနေပါနဲ့၊ စီချွမ်းကနွေးတယ်၊ ရန်ချွမ်းကအေးတယ်။ဇီဝဓါတ်ငွေ့ပိုက်လိုင်းဒီမှာလုပ်ရင်မဖြစ်ပါဘူး။ ဇီဝဓါတ်ငွေ့က ချင်လင်တောင်တန်းကို မကျော်နိုင်ဘူး။

ရှီကျင့်ဖိန်က ခေါင်းမာတယ်၊ သူယုံလည်းယုံကြည်တယ်။အမှန်တရားအချက်အလက် တွေက အကောင်းဆုံးဆင်ခြေပဲ၊ကျင်းတူးပြီးရင်တော့သူကစကားပြောတတ်လိမ့်မယ်။

ရှီကျင့်ဖိန်ရဲ့ယုံကြည်မှုနဲ့ကြိုးစားအားထုတ်မှုအောက်မှာ ၁၉၇၄ ခုနှစ်ဇူလိုင်လလယ်မှာ ၈ ကုဗမီတာဆံ့ဝင်တဲ့ဇီဝဓါတ်ငွေ့ပိုက်လိုင်းကြီးတည်ဆောက်လို့ပြီးသွားပါပြီ။ ဒါပေမဲ့ ရှီကျင့်ဖိန်ကတော့ ဘယ်လိုမှ မပျော်နိုင်ပါဘူး။ ဂိတ်စ်ပိုက်လိုင်းဆက်ပြီးတဲ့နောက် ဘာအကြောင်းကြောင့်မှန်းမသိ ဂတ်စ် မထွက်လာဘူး။

ဘယ်နေရာမှာ ပြနာရှိတာလည်းမသိဘူး။လေလမ်းကြောင်းပိတ်နေတာလား။ ပြနာက နောက်ဆုံးတော့လေလမ်းကြောင်းမှာဖြစ်နေတာ။ရှီကျင့်ဖိန်က သံချောင်း တစ်ချောင်းယူလာပြီး ထိုးကြည့် တော့လည်း ဘာမှမထူးခြားလာဘူး။ နောက်ထပ်တစ်ချပ် ထိုးလိုက်မှ မစင်ရည်တွေ သူ့မျက်နှာကို ပန်းသွားတာ။ နောက်တော့ရှဲ့ရှဲ့ဆိုပြီးအသံထွက် လာပါတယ်။
     ရှီကျင့်ဖိန်ဟာ လက်နဲ့သူ့မျက်နှာကိုသုတ်လိုက်ပြီး ရေနဲ့တောင်မဆေးကြော နိုင်ပဲပိုက်အသစ် ဆက်ပြီး ဇီဝဓါတ်ငွေ့ဖိုကိုဖွင့်လိုက်တဲ့အခါ မီးပန်းအသေးလေးက
"ဟူး"ဆိုပြီး အသံတချက်နဲ့အတူ ထွက်လာပါတယ်။မျှော်လင့်နေတဲ့အရာ ထွက်လာပါပြီ။ (တေးသီချင်း)  ဖိုပေါ်အမြင့် ၁ ပေ လောက်ရှိတဲ့မီးပန်းလေးတွေခုန်တက်လာပါ တော့တယ်။

အောင်မြင်ပြီ သတင်းကအလျင်စလိုပဲတရွာလုံးကို ပျံ့သွားတော့တယ်။ အဲဒီကနေလူ့အဖွဲ့အစည်းပြီးတော့ခရိုင်အထိ သတင်းရောက်သွားပါတယ်။ လူတွေက အနယ်နယ်အရပ်ရပ်ကနေလာပြီး ဒီထူးဆန်းသန့်စင်လှတဲ့ မီးတောက်မီးလျံကို လာကြည့်ကြပါတယ်။

"ဇီဝဓါတ်ငွေ့က ချင်လင်တောင်တန်းကို မကျော်နိုင်ဘူး"ဆိုတဲ့စကားသံတွေအလိုလို ပျက်ပြယ် သွားပါပြီ။ ပြည်သူတွေက ဇီဝဓါတ်ငွေ့နဲ့မီးထွန်း၊ထမင်းဟင်းချက်ပြုတ်ရတဲ့ အကျိုးရလဒ်ကအတော် ကောင်းတာ၊ ဒီလိုနဲ့ ဇီဝဓါတ်ငွေ့တည်ဆောက်ဖို့ အားအင်တွေပိုတိုးလာတာပေါ့။

စမ်းသပ်မှုအောင်မြင်မှုဟာ ရန်အန်းဒေသကော်မတီနဲ့ရန်ချွမ်းခရိုင်ကော်မတီက ၁၉၇၇ ခုနှစ်မှာ ခရိုင်တစ်ခုလုံး ဇီဝဓါတ်ငွေ့ဖြစ်မြောက်ရေးအတွက် ဦးတည်ချက်ထားပြီး ကြိုးစားလုပ်ဆောင်ဖို့ ထုတ်ဖော်ပြောကြားလာပါတယ်။ ပြီးနောက် လေ့လာရေးအဖွဲ့တွေကို စီချွမ်းပြည်နယ်ကို စေလွှတ်ခဲ့ပါတယ်။

စာတွေများများဖတ်ရ၊ ခရီးများများထွက်ကြ၊ ဆိုသလိုပဲ စီချွမ်းပြည်နယ်ရဲ့လူတွေနဲ့ သဘာဝအလှ တရားဟာ ရှီကျင့်ဖိန်ကို အမှတ်ရစေပါတယ်။ သူ့ရဲ့ခရီးတစ်လျှောက်မှာ ပြည်သူပြည်သားတွေရဲ့ အခြေအနေ၊ လူ့အဖွဲ့အစည်းအခြေအနေကို မျက်ခြေမပြတ် လေ့လာခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာတွေ့ ခဲ့တဲ့ကောင်းမွန်တဲ့အခြေအနေတွေကို မှတ်သားထားတယ်။ အားလပ်တဲ့အချိန်မှာဆို တမြေ့မြေ့တွေးရင်း ခံစားတယ်။ လမ်းခရီးမှာ ထူးဆန်းတဲ့အဖြစ် အပျက်နဲ့ကြုံရင် အကြောင်းရင်းကိုရအောင် စူးစမ်းမေးမြန်း တယ်။ ဒီကမ္ဘာလောကကြီးရဲ့ဖြစ်စဉ်ပြောင်းလဲမှုကို နားလည်အောင်ကြိုးစားတယ်။

အတူသွားတဲ့ပေကျင်းကပညာတတ်လူငယ်ဟန့်ရင်ကွေ့ကပြောတယ်။ ကျင့်ဖိန်က လေ့လာ သင်ယူမှုအားကောင်းတဲ့သူ၊ အတွေးအခေါ်အမျှော်အမြင်ရှိတဲ့သူတစ်ဦးပါ။

ရန်ချွမ်းကိုပြန်ရောက်ပြီးတော့ ခရိုင်ကော်မတီကလေ့လာရေးအဖွဲ့တွေရဲ့တင်ပြချက်ကို သေချာလေ့လာပြီး ခရိုင်တစ်ခုလုံးဇီဝဓါတ်ငွေ့တည်ဆောက်ရန် တွန်းအားပေးခဲ့ပါတယ်။ လေ့ကျင့်ရေး သင်တန်းပေါင်းစုံလည်းဖွင့်လှစ်ခဲ့ပါတယ်။ ရှီကျင့်ဖိန်က နာယကအဖြစ် လုပ်ဆောင်ပြီး နည်းပညာ လက်ဆင့်ကမ်းသင်ကြားပေးဖို့ကို အဓိကတာဝန်ယူထား ပါတယ်။

ကျင်းအသစ်ဆောက်လုပ်ဖို့နည်းပညာသစ်ထွက်ပေါ်လာပါပြီ။ လျန်ကြားဟိုရွာမှာ ကျောက်ကုန်ကြမ်းရှားပါးလာပါတယ်။ လူတွေကမြေကြီးကိုကျောက်အစားထိုးသုံးပြီး မြေကျောက်ပေါင်းစပ်မှုနဲ့တည်ဆောက်ခဲ့ပါတယ်။ ဘောက်ဆိုဒ်မြေကိုရွံ့အစားထိုးသုံးတယ်၊ ဒီလိုဆို လျန်ကြားဟိုမှာရှိတဲ့ဇီဝဓါတ်ငွေ့ကျင်းတူးဖော်တဲ့အရင်းအနှီးက ယွမ်၄၀ကနေ ယွမ်၃၀ကျော်ပဲကုန်ကျတော့မယ်။ ၁၉၇၉ခုနှစ်သြဂုတ်လမှာ လျန်ကြားဟိုရွာက ဒီနည်းလမ်းနဲ့ဇီဝဓါတ်ငွေ့လိုင်း ၃၄ခုဆောက်လုပ်ပြီးစီးခဲ့တယ်၊ အိမ်ထောင်စု ၄၃စုအတွက် မီးထွန်းခြင်းနဲ့ချက်ပြုတ်ဖို့အတွက် ပြဿနာကိုဖြေရှင်းပေးနိုင်ခဲ့တယ်။ ယေဘုယျအားဖြင့် ဇီဝဓါတ်ငွေ့ထုတ်လုပ်ရေးအသွင်ဆောင်လာခဲ့တယ်။

ကမ္ဘာလောကကြီးက အရာမှန်သမျှစိစပ်သေချာစွာ လုပ်ဆောင်မှ အောင်မြင်နိုင်မယ်။ ဇီဝဓါတ်ငွေ့တည်ဆောက်ခြင်းအတွေ့အကြုံဟာ ရှီကျင့်ဖိန်အတွက် အရေးပါပြီး အမြင်နက်ရှိုင်းစေပါတယ်။

၁၅နှစ်ကြာပြီးတဲ့နောက် ဖူကျန့်ပြည်နယ်နန်သက်ဒေသ ပါတီကော်မတီ အတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် ပြန်ပြောင်းအောက်မေ့ပြီးပြောတာက "ငါ စမ်ရှီးပြည်နယ် မြောက်ပိုင်း၊ ရန်ချွမ်ခရိုင်လျန်ကြားဟိုရွာမှာ အခြေချတုန်းက တရွာလုံးမှာ ဇီဝဓါတ်ငွေ့ အသွင်ဆောင်တဲ့ နည်းပညာလှုပ်ရှားမှုလုပ်ခဲ့တာဟာ ကျွန်တော့်ကို နည်းပညာရဲ့တိုးတက်မှု အောင်မြင်ခြင်းဆိုတဲ့အရသာကို မြည်းစမ်းကြည့်မိလိုက်သလိုပါပဲ၊ အိမ်တိုင်းအိမ်တိုင်း ထမင်းဟင်းချက်ရင် မီးသွေးမလိုတော့ပဲ ဇီဝဓါတ်ငွေ့နဲ့မီးထွန်းနိုင်ပြီ၊ အရပ်သူ အရပ်သားများရဲ့အပြုံးပီတိကို ခုချိန်မှတ်မိသေးတယ်။ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဟာ နည်းပညာကို တိုးတက်စေရုံမျှမက ထုတ်လုပ်ခြင်း၊ နေထိုင်စားသောက်ခြင်း ပြဿနာတွေကိုပါဖြေရှင်းနိုင်ခဲ့ပါတယ်၊ ဒါတွေဟာ ပြည်သူတွေရဲ့ ထောက်ပံ့အားပေးမှုက ရရှိလာတဲ့အောင်မြင်မှုပါ။"

နှစ်ပေါင်း၃၀ကြာပြီးတဲ့နောက် ကျဲ့ကျန်းပြည်နယ် ကော်မတီအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်တဲ့ ရှီကျင့်ဖိန်ဟာ ချွန်အန်းခရိုင်ကို သွားရောက်လေ့လာခဲ့တယ်။ အထူးသဖြင့် အနောက်တောင်ဘက်မှာ ရှိတဲ့ရှာ့ကျန်းရွာက ဇီဝဓါတ်ငွေ့လိုင်းကို သွားလေ့လာခဲ့တယ်။ ကိုယ့်ကိုကိုယ်ဇီဝဓါတ်ငွေ့ဆောက်လုပ်တဲ့ပညာရှင်လို့ ကျီစယ် ပြောဆိုပြီး ဇီဝဓါတ်ငွေ့ဆောက်လုပ်ခြင်းကိစ္စကို သေချာလုပ်ဆောင်ဖို့တောင်းဆိုတယ်၊ ပြီးတော့ ပြည်သူတွေအမှန်တကယ်လက်တွေ့အကျိုးခံစားစေဖို့လည်း ပါပါတယ်။

ဒီကနေ့မှာတော့ လျန်ကြားဟိုရွာဟာ လျှပ်စစ်မီးရရှိနေပါပြီ။ အမှတ်လက္ခဏာတခု၊ သမိုင်းကဏ္ဍတခုအနေနဲ့ ပြည်သူတွေရဲ့ရင်ထဲမှာ ရှီကျင့်ဖိန်ဦးဆောင်ပြီး ဆောက်လုပ်ခဲ့တဲ့ ပထမဆုံး ဇီဝဓါတ်ငွေ့လိုင်းဘေးနားမှာ အမှတ်တရကျောက်ချပ်စိုက်ထူထားပါတယ်။ ကျောက်ချပ်ပေါ်မှာ ရေးထားတာက "စန်ရှီးခရိုင်ပထမဆုံး ဇီဝဓါတ်ငွေ့လိုင်းနေရာ"လို့ ရေးထားတယ်။ အရင်တုန်းက ဇီဝဓါတ်ငွေ့ဆောက်လုပ်ခဲ့တုန်းက ချဲ့ခဲ့တဲ့လမ်းတွေက အခုဆိုရင် အရပ်သူအရပ်သားများအတွက် အကျိုးရှိနေဆဲပါ။

   Webradio