• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လျန်ကြားဟို အပိုင်း-၂

(GMT+08:00) 2018-07-06 08:26:36

နှလုံးသားထောင့် တစ်နေရာမှာတော့ ရှီကျင့်ဖိန် ဟာ ကိုယ့်ကိုယ်ကို ယန်အန်းသားလို့ခံယူထားပြီးဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့မှာ ကျန့်ကျန်းပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူး ဖြစ်လာတဲ့ ရှီကျင့်ဖိန်ဟာ ယန်အန်းရုပ်မြင်သံကြားရဲ့ အင်တာဗျူးကို လက်ခံဖြေကြားခဲ့ရာမှာ ကိုယ့်ကိုယ်ကို ယန်အန်းသားစစ်စစ်လို့ ခံယူထားပါသလားလို့ မေးတဲ့အခါ ရှီကျင့်ဖိန်က မဆိုင်းမတွပဲ "ကျွန်တော်အမှန်တကယ်ပဲ ကိုယ့်ကိုကိုယ် ရန်အန်းမြို့သားလို့ခံယူထားတာပါ။ ဘာလို့လည်းဆိုတော့ ဒါက ကျွန်တော့် ဘ၀တ ဆစ်ချိုး စတင်ရာ ဖြစ်နေခဲ့လို့ပါပဲ။ ကျွန်တော့်ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေခံ အတွေးအမြင်တွေနဲ့ ထူးခြားချက်တွေဆိုတာ ရန်အန်းကနေ စတင်ဖြစ်ပေါ်လာခဲ့တာပါ။ ဒါ့ကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် ယန်အန်းသားလို့ ပြောတာ တရားနည်းလမ်းကျပါတယ်" လို့ဖြေကြားခဲ့ပါတယ်။

၁၉၆၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ ဥက္ကဋ္ဌကြီးမော်စီတုန်းက ပညာတတ်လူငယ်တွေ ရွာတွေမှာ ဆင်းရဲမွဲတေမှု့နဲ့ ခက်ခဲပင်ပန်းတဲ့ လယ်ယာအလုပ်ကို သွားရောက်လေ့လာ လုပ်ကိုင်ဖို့ လွန်စွာ လိုအပ်ပါတယ်လို့ နှိုးဆော်ချက်ထုတ်ပြန်တဲ့အခါ တနိုင်ငံလုံးက ပညာတတ်လူငယ်ပေါင်း ၁၇၀၀ ခန့်တို့ဟာ နှိုးဆော်ချက်အတိုင်းမြို့ကနေထွက်ခွာကာ ရွာငယ်များဆီသို့ ဘ၀တသက်တာ မေ့မရနိုင်တဲ့ အမှတ်တရခရီးစဉ်ကို စတင်ခဲ့ကြပါ တော့တယ်။

လူငယ်လေး ရှီကျင့်ဖိန် ကလည်း ဒီလူငယ်အုပ်စုထဲက အဖွဲ့ဝင်တစ်ဦးပါပဲ။ စတင် ထွက်ခွာရာ အရပ်ကတော့ မြို့တော်ပေကျင်းဖြစ်ပြီး ရောက်ရှိရမယ့် အရပ်ကတော့ တော်လှန်ရေး  အောင်မြေဖြစ်တဲ့ ယန်အန်းပဲဖြစ်ပါတယ်။

၁၉၆၉ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ ပေကျင်းဘူတာရုံမှာ လူအများအပြား စည်ကားလို့နေပါတယ်။ ပညာတတ်လူငယ်များရဲ့ဘ၀ခရီးရထားကြီး ကတော့ တောင်ပိုင်း ဟော်နန်ပြည်နယ်ဆီသို့ခုတ်မောင်းပြီး လုံဟိုင်လိုင်းမှ  အနောက်ဘက်သို့ ခရီးဆက်ကာ ရှီးအန်းသို့ရောက်ရှိပြီး မြောက်ဘက်သို့ ကွေ့ကာ ထုံချွမ်းသို့ ဆိုက်ရောက်ခဲ့ပါတယ်။ ထုံချွမ်းမှာ မနက်စာစားကြပြီးနောက် ပညာတတ်လူငယ်လေးများကတော့ သူတို့ကိုလာကြိုတဲ့ ကုန်တင်ကားကိုစီးလို့ ယန်အန်းသို့ ရောက်ရှိခဲ့ကြပါတော့တယ်။ ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ ရှီကျင့်ဖိန်တို့အဖွဲ့ ရန်ချွင်းခရိုင် ၀န်အမ်းရိသမဝါယမအဖွဲ့ဆီ ရောက်ရှိလာခဲ့ပါတယ်။ ထို့နောက်မှာတော့ ၀န်အန်းရိရဲ့ထုတ်ကုန်အဖွဲ့အသီးသီးဆီသို့ ပို့ဆောင်ခြင်းခံလိုက်ရပါတော့တယ်။ ရှီကျင့်ဖိန်တို့အဖွဲ့က လူငယ် ၁၅ ယောက်ကတော့ လျန်ကြားဟို သို့ပို့ဆောင်ခံလိုက်ရပါတယ်။ ရှီကျင့်ဖိန်ကတော့ ဒီလူငယ်အဖွဲ့ထဲမှာ အသက်အငယ်ဆုံးဖြစ်ပါတယ်။ ထိုအချိန်က လျန်ကြားဟို ကွန်မြူနစ်ပါတီခွဲ အတွင်းရေးမှူး လျန်ယွိမင်က အဲ့ဒီတုန်းက ရှီကျင့်ဖိန်က ထန်းခေါက်ဖါကြီးတစ်လုံးသယ်လာခဲ့ပြီး အတွင်းမှာ စာအုပ်တွေချည်းထည့်ထားတာ မှတ်မိသေးတယ်လို့ပြောပါတယ်။ လျန်ယွိမင်ကပြောသေးတယ် အဲ့ဒီနေ့က လူငယ်တွေကို ၀န်စည်စလယ်တွေသယ်ပေးတော့ ရွာထဲက ကလေးတစ်ယောက်က သေးမယ်ထင်တဲ့ ထန်းခေါက်ဖါကြီးကို ရွေးသယ်ကာ နောက်ဆုံးမှာ ကျန်ခဲ့တယ်လေ။ လမ်းတထောက်ခဏနားတော့ ဒီကလေးက သူများတွေသယ်ရတဲ့ထန်းခေါက်ဖါကြီးကို မ ကြည့်လိုက်တာ သူသယ်ရတဲ့ထန်းခေါက်ဖါ လောက်တောင် မလေးဘူးဖြစ်နေတယ်လေ။ လျန်ကြားဟို ကိုရောက်တော့မှ ရှီကျင့်ဖိန်က လတ်စသတ်တော့ ထန်းခေါက်ဖါ ၂လုံးတောင်သယ်လာတာသိလိုက်ရတယ်။ အဲ့ဒီ ထန်းခေါက်ဖါအပြင် နောက်ထပ်သားရေသေတ္တာတစ်လုံးရှိသေးတယ်။ အဲ့ဒီသေတ္တာထဲလည်း စာအုပ်တွေအပြည့်ပဲ။ ဖြူဖြူသန့်သန့်နဲ့ ပိန်ပိန်ရှည်ရှည်ပုံစံကတော့ လူတွေ ရှီကျင့်ဖိန်ကိုပထမဆုံးတွေ့ရတဲ့ပုံစံပါပဲ။

     လျန်ကြားဟိုမှာ အိမ်ခြေ ၆၀ လောက်ရှိပြီး လူဦးရေ ၂၀၀ ကျော်ရှိတယ်။ မြစ်ငယ်တစ်စင်းက ရွာလယ်ကိုဖြတ်ပြီးစီးဆင်းနေတယ်။ ရွာသားတွေကတော့ မြစ်နှစ်ဖက်က တောင်ကိုအမှီပြုပြီးဆောက်ထားတဲ့ ဂူလေးတွေထဲမှာနေရပါတယ်။ ဂူအပြင်ဘက်ကိုကြည့်လိုက်ရင်တော့ မတ်စောက်လွန်းတဲ့ မြေ၀ါတောင် ကိုပဲတွေ့မြင်နေရပါတယ်။ တဖြည်းဖြည်းနဲ့မိုးမှောင်လာတဲ့အခါ ကမ်းဘေးမှာရပ်ပြီး ရွာကိုကြည့်လိုက်ရင် ဂူပြတင်းပေါက်လေးတွေကနေဖြာကျလာတဲ့ မှိတ်တုတ်မှိတ်တုတ် မီးလေးတွေကိုကြည့်ရတာ ဧရိယာ ၁၀၀ စတုရန်းမီတာတောင်မပြည့်ပါဘူး။ ထိုအချိန်က ဒါက ပေါ်ဦးတောင်ထိပ်ဂူထဲကလူတွေရဲ့ဘ၀ပါပဲလား လို့ ရှီကျင့်ဖိန်က ရေရွတ်ခဲ့ပါသေးတယ်။

လူငယ် ၁၅ ယောက်ကို အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ပါတယ်။ ရှီကျင့်ဖိန်၊ သိုက်မင်၊ လွေဖိန်စန်း၊ ၀မ်ယန့်စန်း၊ ရန်ကျင်းစန်း တို့က အဖွဲ့ ၂ ထဲပါဝင်ပါတယ်။ သူတို့ဟာ ထိုအချိန်က ပါတီခွဲ အတွင်းရေးမှူး ကျန်းချင်းယွမ်ရဲ့အိမ်က ဂူပေါက်လေးတစ်ခုထဲမှာနေကြရပါတယ်။

ဘ၀ကတော့ စပါပြီ……..

ဒီပေကျင်းမြို့ကြီးကနေလာခဲ့ကြတဲ့ ပညာတတ်လူငယ်လေးတွေကို ရွာသားတွေက အကဲခတ်နေကြသလို လူငယ်တွေကလည်း ရွာသားတွေကို အကဲခတ်လေ့လာ နေကြပါတယ်။

ဒါဟာ မြို့ကြီးနဲ့တောရွာတို့ရဲ့ဆုံတွေ့မှုတစ်ခုဖြစ်ပြီး စိတ်ထဲမှာအမိန့်ကိုနာခံနေရတဲ့ လူငယ်တွေနဲ့ လူ့အဖွဲ့အစည်းအောက်ခြေက လယ်သမားတို့ရဲ့ ဆုံတွေ့မှုတစ်ခုလည်းဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ရန်အန်းမြို့သားတွေက အထူးဧည့်ခံတဲ့စားပွဲ ကို လူငယ်တွေစားခွင့်ကြုံလာပါပြီ။ အသားကင်၊ ကြက်သားအမွကြော်၊ အသားလုံး၊ နံရိုး တို့အပြည့်ထည့်ထားတဲ့ ပန်းကန်လေးခွက်ကတော့ ဆန်အရက်နဲ့တွဲဖက်ကာ ထမင်းစားပွဲမှာစီရီလို့ထားပါတယ်။ ဒီလိုအစားအစာရှားပါးတန်ဖိုးရှိလှတဲ့ခေတ်မှာ ဒီထမင်းစားပွဲဝိုင်းဟာ ခမ်းနားကြီးကျယ်လှတဲ့စားတော်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီစားပွဲဟာ စမ်းရှီးပြည်နယ်မြောက်ပိုင်းမှာဒီလောက်စားကောင်းတဲ့အစားအစာတွေရှိတယ် လို့ပြောရလောက်အောင်ပဲ  လူငယ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

တိုတောင်းလှတဲ့ပျော်ရွှင်မှု့တွေကုန်ဆုံးပြီးတဲ့နောက်မှာတော့ လျန်ကြားဟိုရဲ့သရုပ်မှန် ပေါ်လာခဲ့ပါတယ်။

ပထမဆုံးလရဲ့ ၁၅ ရက်ကျော်ပြီးခါစမှာ ရွာကလူတွေဟာ အိမ်တံခါးတွေသော့ခတ်ပြီး ထွက်ခွာသွားကြပါတယ်။နှစ်စဉ်ဒီအချိန်ကာလရောက်တိုင်း ရွာသားတွေဟာ ချိန်းဆိုထားကြသလိုပဲ အသီးသီး အိမ်ကနေထွက်ခွာသွားကြပြီး တောင်းစားသူများအကြား ၀င်ရောက်သွားကြပါတယ်။ ရန်ချွင်းခရိုင်မှာ ဒီလိုအချိန်ဆိုရင် ရွာတ၀က်လောက်က အပြင်ထွက်တောင်းစားကြတာများပါတယ်။ ထုတ်ကုန်အဖွဲ့က အဖွဲ့ခေါင်းဆောင် အပါအ၀င်ပါပဲ။

၂၀၀၄ ခုနှစ်က ရှီကျင့်ဖိန် ရန်အန်းရုပ်မြင်သံကြားရဲ့အင်တာဗျူးကိုလက်ခံဖြေကြားချိန်မှာ အဲ့အချိန်တုန်းက သူ့ကိုလူတွေဝေဖန်ကြတာ ပေါင်မုန့်ကိုခွေးကျွေးလိုက်တဲ့ကိစ္စပါပဲ။ လွယ်အိတ်ရှင်းတုန်းက သူပေကျင်းကယူလာတဲ့ ပေါင်မုန့်တ၀က်ကိုတွေ့တော့ မှိုတက်ပြီးမကောင်းတော့တာနဲ့ ခွေးကိုပစ်ကျွေးလိုက်ပါတယ်။ ရွာသားတွေက ပေါင်မုန့်ကို စားဖူးဖို့မပြောနဲ့ မြင်တောင်မမြင်ဖူးကြပါဘူး။ ရှီကျင့်ဖိန်က အဲ့တာပေါင်မုန့်လို့ပြောပြတဲ့အခါကျတော့ ဒီလိုကောင်းတဲ့အရာကို ခွေးကျွေးပစ်တာ ဘယ်လိုမှတွေးကြည့်လို့မရဘူးလို့ ဆိုကြပါတယ်။ ဒီလူငယ်လေးဟာ အစားအစာကိုဖြုန်းတီးတယ်လို့ တစ်ယောက်နဲ့တစ်ယောက်ပြောကြရာမှ ရန်ချွင်းခရိုင်တစ်ခုလုံးသိသွားတော့တာပဲလို့ ပြန်အောက်မေ့သတိတရနဲ့ဖြေကြားခဲ့ ပါတယ်။

ကျွန်တော်က မြေဝါရဲ့သားပါ ဆိုတဲ့စာထဲမှာ ရှီကျင့်ဖိန်ဟာ လျန်ကြားဟိုမှာ နေထိုင်ခဲ့တုန်းကဘ၀ကို ပြန်ဆန်းစစ်ကြည့်ပြီး ဟိုအချိန်တွေမှာ ကျွန်တော်ကအသက်ကလည်းငယ်တော့ ရေရှည်မတွေးမိခဲ့ဘူး။ စည်းလုံးဖို့ကိုသတိမပြုမိခဲ့ဘူး။ သူများတွေတူတူနေ့စဉ်ဆင်းသွားလိုက်တောင်ပေါ်တက်ပြီး အလုပ်လုပ်လိုက် လုပ်နေချိန်မှာ ကျွန်တော်ကတော့ ကိုယ့်စိတ်ထင်သလိုပဲလုပ်မိတယ်။ အဲ့တော့ ရွာသားတွေက ကျွန်တော့်အပေါ်အမြင်မကြည်ဘူး လို့ပြောခဲ့ပါတယ်။

     ရှီကျင့်ဖိန်ပြောတဲ့ စည်းလုံးခြင်း ဆိုတဲ့အရာကတော့ ဖခင်ဖြစ်သူ ရှီကျုံးရွှင်ရဲ့ဆုံးမစကားပါပဲ။ ကျွန်တော့်ဖခင်က ကျွန်တော့်ကို စည်းလုံးခြင်းရဲ့သဘောတရားကို အမြဲပြောပြခဲ့တယ်။ ငယ်စဉ်ထဲက စည်းလုံးဖို့နဲ့ စည်းလုံးတတ်တဲ့လူဖြစ်အောင် ဆုံးမပြောပြခဲ့တယ်။ လူတွေနဲ့နေရင် ဘယ်ကိစ္စမျိုးမဆို ကိုယ့်သဘောချည်းလုပ်နေလို့မရဘူး လို့ အမြဲဆုံးမပါတယ်။

     ဒီလို စည်းလုံးခြင်းအတွေး နဲ့ ရှီကျင့်ဖိန်ဟာ လူတွေနဲ့ ရွာသားတွေနဲ့ ရောနှောနေတတ်အောင်စပြီးလုပ်ဆောင်ကြည့်ပါတယ်။ ဒီ စည်းလုံးခြင်းအတွေးကပဲ သူ့ကိုအများပြည်သူနဲ့စည်းလုံးညီညွတ်စွာ တသားတည်းဖြစ်တည်စေခဲ့ပါတယ်။ စည်းလုံးနိုင်တဲ့လူ ဆိုတာကတော့ သူ့ရဲ့ဆန်းသစ်တဲ့ခေါင်းဆောင်ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။ လူတစ်ယောက်ပြောင်းသွားသလိုမျိုး ရှီကျင့်ဖိန်ဟာ ပေကျင်းအဖွဲ့ နဲ့ရွာသားများကြားက ခြားနားချက်ကို ရင်ကြားစေ့နိုင်အောင်ကြိုးပမ်း လုပ်ဆောင်ပါတော့တယ်။

ရှီကျင့်ဖိန်အနေနဲ့ လျန်ကျားဟိုမှာ ခံရအခက်ဆုံးနဲ့ခေါင်းအကိုက်ဆုံးကိစ္စ ကတော့ ခွေးလှေး(သန်း) ပါပဲ။ ရှီကျင့်ဖိန်ဟာ အရေပြားဓာတ်မတည့်မှု့ရှိပါတယ်။ သန်းကိုက်ခံရလို့ လက်မှာအဖုဖြစ်တာနဲ့နီမြန်းလာပြီး ရောင်ရမ်းလာကာ ကုတ်လိုက်ယားလိုက်နဲ့ အတော်လေးကိုခံရခက်ပါတယ်။ စီချွင်းယန်က အဲ့ဒီအချိန်တုန်းက ရှီကျင့်ဖိန်နဲ့အတူအလုပ်လုပ်ခဲ့တာကြောင့် ရှီကျင့်ဖိန်ဘောင်းဘီကိုခေါက်တင်ထားတဲ့ အချိန်မျိုးမှာဆို ခွေးလှေး၊ သန်းကိုက်ခံထားရတဲ့ အမာရွတ်တွေကိုတွေ့မြင်နေရပါတယ်။ သူ့ရဲ့ခြေထောက်တစ်ခုလုံးမှာ အနီဖုတွေနီမြန်းရောင်ရမ်းနေပြီး တချို့အဖုတွေကအနာဖေးတက်နေသလိုတချို့လည်းအနာဖေးကိုကုတ်လိုက်လို့ သွေးတွေထွက်နေတာ ကို စိတ်မကောင်းစွာ မြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

ရှီကျင့်ဖိန်တို့ဟာ ဒီခွေးလှေးနဲ့သန်းကို ချေမှုန်းနိုင်မယ့်နည်းလမ်းမျိုးစုံ ရှာကြံခဲ့ကြပါတယ်။ နှစ်နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ ရှီကျင့်ဖိန်ဟာ ကျင့်သားရသွားခဲ့ပါတယ်။ ဘယ်လိုပဲ သန်းအကိုက်ခံရပါစေ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်တတ်နေပါပြီ။

ရွာသားတွေရဲ့အမြင်မှာတော့ ရှီကျင့်ဖိန်ဟာ ဗဟုသုတပေါကြွယ်ဝပြီး အလိုက်သင့်နေတတ်တဲ့စရိုက်ရှိကာ ဘက်လိုက်မပြောတတ်သလို ရှေးရိုးလည်းမဆန်ပဲ အလွန်ရိုးသားပွင့်လင်းသူတစ်ယောက်ဖြစ်လို့လာခဲ့ပါပြီ။ မြို့သားအငွေ့အသက်တွေ မရှိတော့တဲ့ ရှီကျင့်ဖိန်တစ်ယောက် ရွာထဲကလူငယ်တွေနဲ့လည်း အချိန်တိုအတွင်းမှာပဲ ရင်းနှီးလာခဲ့ပြီး သူ့ရဲ့ဖိနပ်ကိုတောင် ချို့တဲ့နွမ်းပါးတဲ့သူငယ်ချင်းကို လက်ဆောင်ပေးလိုက်ပါတယ်။ တခါတရံမှာ ဆံသဆရာလုပ်ပြီး ရွာထဲက လူငယ်တွေကို ဆံပင်ညှပ်ပေးပါသေးတယ်။ တခါကလည်း ရေကူးဆရာလုပ်ပြီး လူငယ်တွေကိုဖားကူးသင်ပေးနေခဲ့ပါသေးတယ်။ လျန်ကြားဟိုရွာကိုပြန်လာတဲ့ ပညာတတ်လူငယ် ၀မ်ရှမ်းဖိန်၊ အဖွဲ့ဝင်စီချွင်းရန်၊ ၀ူဟွေး၊ ကျန်းဝေဖန် တို့ဟာသူ့ရဲ့သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေဖြစ်လာကြပါတယ်။

ရွာသားတွေကလည်း ဒီပေကျင်းသားလေးကို စိတ်ထဲကနေတဖြည်းဖြည်း လက်ခံလာကြပါတယ်။ ရှီကျင့်ဖိန်ဟာ ရွာသားတွေ ပြင်ပကမ္ဘာကိုလေ့လာနားလည်နိုင်ဖို့ လမ်းကြောင်းတစ်ခု၊ မျက်စိတစ်စုံဖြစ်ခဲ့ပါတယ်။

 

   Webradio