• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှုအား အိုး​မည်း​သုတ်ခြင်းသည်၊ အကြံမြောက်မည် မဟုတ်

(GMT+08:00) 2018-07-05 15:01:01

      ယခုရက်များအတွင်း အာဖရိကကြွေးမြီများနှင့် စပ်လျဉ်း၍ နိုင်ငံအချို့က ဟိုကြောင်း ဒီကြောင်းပြောခဲ့ကြပြီး၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အိုးမည်းသုတ်ပေးခဲ့ ခြင်းဆိုင်ရာ ကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးလက်ထောက ချိန်ရှောင်တုန်း က၊ တရုတ်- အာဖရိကပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ်များကို  တွေ့မြင်နိုင်ပြီး ခံစားနိုင်ကြောင်း၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုအား အိုးမည်းသုတ်ခြင်းသည်၊ အကြံမြောက်မည်မဟုတ် ကြောင်း၊ သက်ဆိုင်ရာနိုင်ငံများအနေနှင့်၊ လက်တွေ့ကျကျ ဆောင်ရွက်ပြီး၊ အာဖရိက ဖွံ့ဖြိုး ရေးအတွက် စွမ်းဆောင်မှုပြုနိုင်ရန် တရုတ်က မျှော်လင့်ပါ ကြောင်း ယခုလ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ထိုနေ့ ကျင်းပသည့် တရုတ်-အာဖရိက တတ်သိပညာရှင်များအဖွဲ့ဖိုရမ် ကြိမ်မြောက် အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ချိန်ရှောင်တုန်းက တရုတ်-အာဖရိကဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် ရရှိခဲ့သည့် အောင်မြင်မှုသည်၊ အများမြင်တွေ့နိုင်ရုံသာမက၊ ဖက်တို့မှ ပြည်သူများအတွက်လည်း လက်တွေ့ကျသော အကျိုးအမြတ်ကို ဆောင်ကြဉ်း လာခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio