• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၏ "နှုတ်ထွက်ရေးဝါဒ" လုပ်ရပ်များသည် ကတိစာချုပ် စောင့်စည်းလိုက်နာရေး စိတ်ဓါတ်နှင့် ဖီလာဆန့်ကျင်ဟု တရုတ်ပညာရှင်များဆို

(GMT+08:00) 2018-07-05 14:55:54

လွန်ခဲ့သည့် ၂၀၁၇ခုနှစ်မှ ယခုအထိ အမေရိကန်သည် နိုင်ငံတကာ သဘောတူ စာချုပ်များနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး စနစ်များမှ ရှေ့ဆင့်နောက်ဆင့် နှုတ်ထွက်ခဲ့ကြောင်း၊ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့၏ စည်းမျဉ်းဥပဒေများကို လျစ်လျူရှုပြီး လွှတ်တော်မှ ခွင့်ပြုချက် မလိုဘဲ အခြား နိုင်ငံများ အပေါ် တစ်ဖက်သတ် အခွန် တိုးကောက်ရန် ထရန့်အစိုးရအား ခွင့်ပြုရန် အဆိုပြုချက် မူကြမ်းကို အိမ်ဖြူတော်သည် ရေးဆွဲချမှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်သည် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့မှ နှုတ်ထွက်မည် ဖြစ်ကြောင်း အချို့က ခန့်မှန်းရသည်ဟု မကြာခင် ရက်များက အမေရိကန် မီဒီယာများက ထုတ်ပြန်ခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

တရုတ်ပြည်မှ နိုင်ငံတကာ ရေးရာ ပညာရှင်များက စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် အမေရိကန်၏ "နှုတ်ထွက်ရေးဝါဒ" လုပ်ရပ်များသည် ၄င်းတလျှောက်လုံး တိုက်တွန်းအားပေးသည့် ကတိစာချုပ် စောင့်စည်းလိုက်နာရေး စိတ်ဓါတ်နှင့် ဖီလာ ဆန့်ကျင်ပြီး နိုင်ငံတကာ စီးပွားရေး စနစ် အပေါ် ဆိုးရွားစွာ ထိခိုက်စေကြောင်း ပြောကြားသည်။

   Webradio