• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒို ကူးတို့သင်္ဘောတစ်စင်း တိမ်းမှောက်ခြင်းကြောင့် လူ ၃၄ ဦး သေဆုံး

(GMT+08:00) 2018-07-05 13:34:09

အင်ဒိုနီးရှား တောင်စူလာဝေစ်ပြည်နယ် အနီးရှိပင်လယ်ရပ်ဝန်းတွင် ဇူလိုင်လ ၃ ရက်နေ့က ကူးတို့သင်္ဘောတစ်စင်း တိမ်းမှောက်ခြင်းကြောင့် လူ ၃၄ ဦး သေဆုံးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသေးကြောင်း ၄ ရက်နေ့က အင်ဒိုနီးရှား ဘေးအန္တရာယ်ခုခံကာကွယ်ရေးရုံးက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ပဏာမစုံစမ်းစစ်ဆေးမှုအရ ယင်းတိမ်းမှောက်မှုသည် သင်္ဘော၏တစ်ဘက်ခြမ်း ရေစိမ့်ဝင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ဇူလိုင်လ ၄ ရက်နေ့အထိ အင်ဒိုနီးရှား နိုင်ငံတော် ကယ်ဆယ်ရေးစင်တာမှ ဖွဲ့စည်းထားသော ကယ်ဆယ်ရေးအဖွဲ့သည် သေဆုံးသူ ရုပ်အလောင်း ၃၄ လောင်းကို တွေ့ရှိပြီး လူ ၁၅၅ ဦးကို ကယ်ဆယ်ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio