• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ဥရောပသမဂ္ဂကော်မတီဥက္ကဋ္ဌဂျွန်ကာနှင့်တယ်လီဖုန်းဖြင့်ဆက်သွယ်

(GMT+08:00) 2018-07-05 12:33:55

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ယခုလ ၄ ရက်နေ့က ဖိတ်ကြားချက်အရ ဥရောပသမဂ္ဂကော်မတီဥက္ကဋ္ဌဂျွန်ကာနှင့်တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့ ကြောင်းစီအာအိုင်သတင်းအရ သိရပါသည်။

လီခေ့ချန်က မျက်မှောက် နိုင်ငံတကာအခြေအနေရှုပ်ထွေးနေပြီး တစ်ဘက်သတ်ဝါဒ နှင့်ကိုယ်ကျိုးစီးပွါးကာကွယ်ရေးဝါဒအဆက်မပြတ်ဦးမော့လာကြောင်း၊တရုတ်နှင့်ဥရောပသမဂ္ဂသည် ကမ္ဘော့အရေးကြီးသော အင်အား ၂ စုအနေနှင့်  သဘော တူညီမှု ကိုစည်းစုပြီး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သင့်ကြောင်း၊ တူညီသော အကြိုးစီးပွါးကို တိုးချဲ့ပြီး စိန်ခေါ်မှုရင်ဆိုင်ရန် လက်တွဲဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ သည်။

ဂျွန်ကာက လက်ရှိနိုင်ငံတကာအခြေအနေတွင် ဥရောပသမဂ္ဂနိုင်ငံအသီးသီး တို့သည် နိုင်ငံစုံဝါဒကျင့်သုံးဆောင်ရွက်ရန် တညီတညွတ်တည်းသဘောတူညီကြကြောင်း ပြောကြားခဲ့ သည်။

   Webradio