• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် မက္ကရို စီးပွါးရေး ထိန်းညှိရေးဆိုင်ရာ အကျိုးသက်ရောက်မှု ထင်ရှား

(GMT+08:00) 2018-07-05 09:21:39

ယခုနှစ်သည် တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်း ဆောင်ရွက်ခဲ့သည့် နှစ် ၄၀ ပြည့်မြောက်နှစ် ဖြစ်ပြီး တရုတ် လူမှု သိပ္ပံပညာ တံခွန်အသင်းကြီး နိုင်ငံတော် အဆင့်မြင့် တတ်သိပညာရှင်များအဖွဲ့က ဦးစီး ပြုလုပ်သော "ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ရေးနှင့် တပြိုင်တည်း" ဆောင်ပုဒ်ဖြစ်သည့် တတ်သိပညာရှင်များအဖွဲ့များ ဖိုရမ်ကို မကြာမီက ပီကင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

တရုတ် လူမှုသိပံ္ပပညာ တံခွန်အသင်းကြီး သုတေသန ရေးရာ ကော်မတီဝင်၊ စီးပွါးရေး သုတေသနဌာန ဌာနမှူးဟောင်း ကျမ်ကျိုယွမ်က၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါး ဖွင့်ရေး ဆောင်ရွက်ခဲ့သည့် နောက်ပိုင်း တရုတ်ပြည် မက္ကရိုစီးပွါးရေး ထိန်းညှိရေးဆိုင်ရာ အကျိုးသက်ရောက်မှုမှာ ထင်ရှားသိသာပါကြောင်း၊ လွန်ခဲ့သည့် နှစ် ၄၀ အတွင်း ဂျီဒီပီ ပျမ်းမျှ တိုးတက်နှုန်းမှာ ၉့  ၅ ရာခိုင်နှုန်း ရှိပြီး ပြည်သူပြည်သားများ၏ စားသုံးမှု ကုန်ဈေးနှုန်း ကိန်းညွှန်း ပျမ်းမျှ တိုးတက်နှုန်းမူ ၅ ရာခိုင်နှုန်းတောင် မရှိကြောင်း ပြောကြားပါသည်။

   Webradio