• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်၊မြန်မာ ဆဌမအကြိမ်မြောက် တရားဥပဒေကျင့်သုံးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-07-04 15:52:15

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျော့ခေ့ကျိ သည် ဇူလိုင်လ ၃ရက်နေ့က ပီကင်းမြို့တွင် မြန်မာပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်အတူ တရုတ်၊မြန်မာ ဆဌမအကြိမ်မြောက် တရားဥပဒေကျင့်သုံးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးကို ပူးတွဲကျင်းပခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

နှစ်ဖက် တရားဥပဒေကျင်းသုံးရေး နှင့် လုံခြုံရေးဌာနတို့အနေနှင့် မဲခေါင်မြစ်စိတ်ဓါတ်ကို ဆက်လက် ပြန့်ပွားစေပြီး တရားဥပဒေကျင့်သုံးရေး နှင့် လုံခြုံရေး နယ်ပယ်အသီးသီး၌ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန် မျှော်လင့်ကြောင်း ကျော့ခေ့ကျိက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံနှင့်အတူ တရားဥပဒေကျင့်သုံးရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေလိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားခဲ့ပါသည်။

   Webradio